၀ိုင်းမော်

February 13, 2021

၀ိုင်းမော်တွင် ခရစ်ယာန်ဘာသာ၀င်များ ဓမ္မသီချင်းသီဆိုက စစ်အစိုးရကို ငြိမ်းချမ်းစွာ

ဆန္ဒပြ

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့မှာ ဖေဖော်ဝါရီ ၁၃ ရက်မနက်အစောပိုင်းက စစ်အာဏာရှင်အလိုမရှိကြောင်း ခရစ်ယာန်ဘာသာ၀င်တွေက ဓမ္မသီချင်းသီဆိုကာ ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဆန္ဒထုတ်ဖော်ရာမှာတော့ သိက္ခာတော်ရဆရာ‌တော်ကြီးတွေက ရှေ့ဆုံးက ဦးဆောင်ကာ ကချင်နဲ့ ရှမ်းလူမျိုးခရစ်ယာန်ဘာသာ၀င်တွေ ထောင်နဲ့ချီပါဝင်ပြီး စစ်အာဏာရှင် အလိုမရှိကြောင်းကို ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေက  တချို့လမ်းမကြီးတွေကို လမ်းပိတ်ဆို့ကာ ဖြတ်သန်းခွင့်မပေးဘဲ တားဆီးခဲ့တာရှိပါတယ်။

ဇုန်းကျန်း CJ

10 months Ago
Up