ဝါရှင်တန်ဥယျာဉ်က လူသေကောင်ပန်းပွင့်ကို လူထောင်သောင်းချီ လာကြည့်

August 5, 2016

ဝါရှင်တန်ဥယျာဉ်က လူသေကောင်ပန်းပွင့်ကို လူထောင်သောင်းချီ လာကြည့် (ရုပ်သံ)

အမေရိကန်ပြည်ထောင်စု၊ ၀ါရှင်တန်မြို့တော် ရုက္ခဗေဒဥယျာဉ်မှာ ရှားရှားပါးပါး လူသေကောင် ပန်းပွင့်လို့ ခေါ်ဆိုကြတဲ့ Corpse Flower ကို သြဂုတ် ၂ ရက်နေ့က စိတ်ဝင်စားသူ လူ ထောင်သောင်းချီ တန်းစီစောင့်ဆိုင်းပြီး လာရောက်ကြည့်ရှုကြပါတယ်။ ဒီပန်းကို Corpse Flower လို့ ခေါ်ဆိုပြီး ကမ္ဘာ့အကြီးဆုံး ပန်းတမျိုးဖြစ်ပါတယ်။ အင်ဒိုနီးရှား မိုးသစ်တောတွေမှာ ပေါက်ရောက်တဲ့ ပန်းမျိုးဖြစ်ပြီး အနံ့က အပုပ်ကောင်နံ့ ဖြစ်ပါတယ်။ ပန်းပွင့် အရှည် ၈ ပေ၊ ၈ လက်မရှိပြီး ဇူလိုင် ၂၂ ရက်နေ့ကတည်းက အများပြည်သူကို ပြသထားပေမယ့် သြဂုတ် ၂ ရက်နေ့ ညကျမှ ပွင့်လာတယ်လို့ ဥယျာဉ်အာဏာပိုင်တဦးက ပြောဆိုပါတယ်။ လာမယ့် ၂ ရက်လောက်အထိတော့ ဆက်ပွင့်နေဦးမယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။ ဒီပန်းမျိုးဟာ ပန်းအများစုလို ရာသီအလိုက် ပုံမှန်ပွင့်တဲ့ ပန်းမျိုးမဟုတ်ဘဲ တခါပွင့်ဖို့ ၃၊ ၄ နှစ်ကနေ ၁၀ နှစ်ကျော်တဲ့အထိ ကြာတတ်ပြီး ပွင့်ပြီးရင်လည်း အပင်က သေသွားတယ်လို့ ဆိုပါတယ်။
5 years Ago
Up