အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ် ၀ါရှင်တန်ဒီစီမြို့ ဆင်ခြေဖုံးမှာ သေနတ်သမားတဦးရဲ့ လက်ချက်ကြောင့် ရဲအရာရှိတဦး သေဆုံးသွားပါတယ်။
သေနတ်သမားကို ဘယ်သူဘယ်ဝါ မသိရသေးဘဲ ရဲတွေနဲ့ အပြန်အလှန် ပစ်ခတ်ရာမှာ ရရှိတဲ့ အသေးစားဒဏ်ရာနဲ့ ဆေးရုံတင်ထားရတယ်လို့ မင်းသားဂျော့စ် (Prince George) စီရင်စု နယ်မြေ အာဏာပိုင်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ် ၁၃ ရက်နေ့ ပစ်ခတ်မှု ဖြစ်ပြီးနောက် နောက်ထပ် သေနတ်သမား သံသယရှိသူတဦးကို ရဲက အချိန်တိုအတွင်းမှာပဲ ဖမ်းဆီးနိုင်ခဲ့ပါတယ်။
သူ့ကို မေးမြန်းစစ်ဆေးချက်တွေအရ ပစ်ခတ်မှုမှာ တခြားလူတွေ ပါဝင်ပတ်သက်မှု မရှိဘူးလို့လည်း ရဲအဖွဲ့က ပြောပါတယ်။
ဖမ်းထားတဲ့ ၂ ဦးစလုံး ဘယ်သူဘယ်ဝါဆိုတဲ့ အသေးစိတ် အချက်အလက်တွေတော့ မသိရသေးပါဘူး။
သေဆုံးသွားတဲ့ ရဲအရာရှိက အသက် ၂၉ နှစ်အရွယ်ဖြစ်ပြီး လုပ်သက် ၄ နှစ်ရှိတယ်လို့ နယ်မြေရဲမင်းကြီး ဟင်နီရီ စတောဝင်စကီက သတင်းထောက်တွေကို ပြောပါတယ်။
5 years Ago