ပုဂံမြို့ဟောင်းအတွင်း တည်ရှိတဲ့ ဧရာဟိုတယ်ဝန်ထမ်းတွေ အလုပ်မဆင်းဘဲ ဟိုတယ်ရှေ့မှာ ဇန်န၀ါရီ ၂၅ ရက်နေ့က ဆန္ဒပြ တောင်းဆိုခဲ့ပါတယ်။
အလုပ်ဝင်ချိန် မနက် ၆ နာရီမှာ အလုပ်မဆင်းဘဲ ဆန္ဒပြနေတာ ဖြစ်ပါတယ်။
ဝန်ထမ်းအခွင့်အရေးတွေ အပြည့်အဝ မရရှိတာ၊ စံချိန်စံညွှန်းနဲ့အညီ လုပ်ခလစာ မရရှိတာတွေအတွက် အချက် ၇ ချက်ပါ တောင်းဆိုမှုတွေ ပြုလုပ်တာ ဖြစ်တယ်လို့ ဧရာဟိုတယ် ၀န်ထမ်း ကိုနေ၀င်းအောင်က ပြောပါတယ်။
ဓာတ်ပုံ - စံထွေးအောင်
7 years Ago