ဝန်ထမ်း

August 25, 2018

လွှတ်တော်အဆောက်အဦ ဆေးသုတ်စရိတ် ပိုမိုတောင်းခံသည့် ၀န်ထမ်းများကို အရေးယူ

လွှတ်တော်အဆောက်အဦတွေရဲ့ ဆေးသုတ်စရိတ်ပိုမိုတောင်းခံတဲ့ ဆောက်လုပ်ရေး ၀န်ကြီးဌာနက ဒုတိယညွှန်ကြားရေးမှူးအဆင့် အရာရှိတဦးအပါအ၀င် ၀န်ထမ်းတွေကို အရေး ယူထားတယ်လို့ ဆေးသုတ်စရိတ်ကို စစ်ဆေးတဲ့ကော်မတီအဖွဲ့က တာဝန်ရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးက ပြောပါတယ်။ “လွှတ်တော်က ဝန်ကြီးဌာနကို အရေးယူဖို့ လွှဲလိုက်တယ်။ အခုမေးလိုက်တယ်၊ ဘယ်လို အရေးယူလဲဆိုတာ။ ဝန်ထမ်းကိုလည်း Fore to retire လုပ်တယ်။ သက်ဆိုင်ရာ ကုမ္ပဏီကို လည်း ကွာဟနေတဲ့ အခု ငွေပမာဏကို ပြန်သွင်းခိုင်းတယ်။ အငြိမ်းစားပေးခံရတာက ဒုညွှန်ချုပ် အဆင့်။ ကျန်တဲ့သူတွေကတော့ Demotion (ရာထူးအ လျော့ခံရ) လို့ ကြားတယ်” လို့ အဆိုပါ ကိုယ်စားလှယ်က ဆိုပါတယ်။ လွှတ်တော်အဆောက်အအုံတွေရဲ့ တံခါးတွေကို ပေါ်လစ်ဆေးသုတ်ဆေးသုတ်စရိတ် ကျပ်သိန်း ၅၈၀၀ ကုန်ကျခဲ့တာပါ။ ဒီကုန်စရိတ်ဟာ များပြားနေတာကြောင့် လွှတ်တော်ကိုယ် စားလှယ် ၇ ဦးပါဝင်တဲ့ ကော်မတီဖွဲ့ပြီး စစ်ဆေးခဲ့ပါတယ်။ ဒီပမာဏဟာ အမှန်တကယ် ကုန်ကျငွေထက် သုံးဆ ပိုမိုတင်ပြထားတာလို့ ဆိုပါတယ်။ လွှတ်တော်အဆောက်အဦတွေကို ဆောက်လုပ်ရေးဝန်ကြီးဌာနအောက်က မြို့ရွာနှင့်အိုး အိမ်ဦးစီးဌာန၊ လွှတ်တော်၊ အိမ်တော်ထိန်းသိမ်းရေးအဖွဲ့က တာဝန်ယူထိန်းသိမ်းတာဖြစ်ပါ တယ်။ ၀န်ထမ်းတွေကို အရေးယူထားတာနဲ့ပတ်သက်လို့ ဒီကနေ့ သြဂုတ် ၂၄ ရက်နေ့ ပြည် ထောင်စုလွှတ်တော်အစည်းအဝေးမှာ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်လင်းကို မီဒီယာတွေက မေးမြန်းတာမှာတော့ ပြန်လည်ဖြေဆိုတာ မရှိခဲ့ပါဘူး။
3 years Ago

October 13, 2016

အိမ်ပိုင်မရှိသည့်ဝန်ထမ်းများကို တန်ဖိုးနည်းအိမ်ရာများ အထူးစနစ်ဖြင့် ရောင်းချပေးမည်

  အိမ်ပိုင်မရှိတဲ့ဝန်ထမ်းတွေကို တန်ဖိုးနည်းအိမ်ရာတွေ အထူးစနစ်နဲ့ ရောင်းချပေးမယ်လို့ လျှပ်စစ် စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောပါတယ်။ အိမ်ပိုင်မရှိတဲ့လုပ်သက်ရင့်ဝန်ထမ်းတွေကို မဲစနစ်နဲ့မဟုတ်ဘဲ အထူးစနစ်နဲ့ တန်ဖိုးနည်း အိမ်ရာတွေ ရောင်းချပေးသွားမယ်လို့ လျှပ်စစ် စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က အောက်တိုဘာ ၁၃ ရက်နေ့မှာပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးမှာ ပြောဆိုလိုက်တာပါ။ ဝန်ထမ်းတွေ တန်ဖိုးနည်းအိမ်ရာတွေဝယ်နိုင်ဖို့ ငွေစုငွေချေး စနစ်တွေ အရစ်ကျစနစ်တွေ ကိုလည်း စီစဉ်နေတယ်လို့ ဝန်ကြီးက ဆက်ပြောပါတယ်။ အဲဒီအထူးစနစ်ကို လာမယ့် ၂၀၁၇ ဘဏ္ဍာနှစ်မှာ စတင်အကောင်အထည်ဖော်နိုင်မယ်လို့ လည်း သိရပါတယ်။ သတင်း - ဇေယျာချမ်းအေး
5 years Ago
Up