အမေရိကန်ဟာသသရုပ်ဆောင် လူးဝစ်စီကေဟာ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ အပြုအမူတွေ လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပတ်သက်ပြီး ဟုတ်မှန်ကြောင်း နိုဝင်ဘာ ၁၀ ရက်က ဝန်ခံပြောကြားသွားခဲ့ပါတယ်။
သူ့ရဲ့ ဝန်ခံချက်ကို ရိုက်တာနဲ့ တခြားသတင်းဌာနတွေကို အီးမေးလ်ရေးသားပေးပို့ခဲ့တာ ဖြစ်ပါတယ်။
အကောင်းဆုံးရုပ်သံ အစီအစဉ်ဆုတစ်ခုဖြစ်တဲ့ အမ်မီဆု (Emmy) ရရှိခဲ့ဖူးတဲ့ ဟာသသရုပ်ဆောင် လူးဝစ် စီကေဟာ အမျိုးသမီး ၅ ဦးကို လိင်ပိုင်းဆိုင်ရာ အပြုအမူတွေပြုမူခဲ့တယ်လို့ စွပ်စွဲခံနေရတာဖြစ်ပါတယ်။
နိုဝင်ဘာ ၉ ရက်ထုတ် နယူးယောက်တိုင်းမ်သတင်းစာမှာ အဲဒီစွပ်စွဲချက်သတင်းကို ဖော်ပြခဲ့ပြီး၊ အမျိုးသမီး ၃ ဦးက လူးဝစ်စီကေဟာ သူတို့ရှေ့မှာ မတော်တရော် လိင်အပြုအမူကို လုပ်ခဲ့တယ်လို့ စွပ်စွဲထားတာပါ။
အဒီစွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး လူးဝစ်စီကေဟာ အစပိုင်းမှာ တုံ့ပြန်ပြောကြားတာမလုပ်ခဲ့ပေမယ့် နိုဝင်ဘာ ၁၀ ရက်နေ့မှာ ဟုတ်မှန်ကြောင်း ဝန်ခံခဲ့ပြီး၊ တောင်းပန်စကားပြောကြားခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ြ်ပထားပါတယ်။
3 years Ago