ပရီးမီးယားလိဂ်ပွဲစဉ် ၁၇ အဖြစ် ၀တ်ဖို့နဲ့ လီဗာပူးတို့ ဒီဇင်ဘာ ၂၀ ရက် ညက ယှဉ်ပြိုင်ကစားရာ ၀တ်ဖို့က အိမ်ကွင်းမှာ ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
ဒီပွဲမှာ လီဗာပူးအသင်းက ဘောလုံးပိုင်ဆိုင်ခွင့် ၆၆ ရာခိုင်နှုန်းအထိရအောင် ကစားနိုင်ခဲ့ပေမယ့် ၀တ်ဖို့အသင်းက ရတဲ့အခွင့်အရေးကို အပိုင်အသုံးချပြီး ဂိုးတွေသွင်းယူသွားတာပါ။
ဝတ်ဖို့အသင်းအတွက် ပွဲအစ ၃ မိနစ်မှာ နာသန် (Nathan Ake) က ပထမဂိုး၊ ၁၅ မိနစ်နဲ့ ၈၅ မိနစ်မှာ အိုဒီယွန် အစ်ဂ်ဟာလို (Odion Ighalo) တဦးတည်း ဒုတိယနဲ့ တတိယဂိုးတွေ သွင်းယူပေးခဲ့ပါတယ်။
ဒီပွဲရှုံးနိမ့်ခဲ့တဲ့ လီဗာပူးအသင်းဟာ ရမှတ် ၂၄ မှတ်နဲ့ အဆင့် ၉ နေရာမှာ ရပ်တည်နေပြီး ၀တ်ဖို့ကတော့ ၂၈ မှတ်နဲ့ အဆင့် ၇ မှာ ရပ်တည်နေပါတယ်။
7 years Ago