ဝစ်လစ်စလစ်ဖြင့် ကိုယ်ဟန်ပြခဲ့သည့် လန်ဒန် ဖက်ရှင်မော်ဒယ်ရုပ်သံ ရေပန်းစား

November 2, 2016

ဝစ်လစ်စလစ်ဖြင့် ကိုယ်ဟန်ပြခဲ့သည့် လန်ဒန် ဖက်ရှင်မော်ဒယ်ရုပ်သံ ရေပန်းစား

တောက်ပတဲ့ လည်ရှည်ဖိနပ်တရန်၊ စီဒီချပ်ပုံသဏ္ဌာန် ဦးထုပ်တလုံးနဲ့ လက်ကိုင် အိတ်တလုံးကလွဲပြီး ခန္ဒာကိုယ်ပေါ်မှာ ဘာမှဝတ်ဆင်မထားဘဲ ကိုယ်ဟန်ပြခဲ့တဲ့ အမျိုးသမီး မော်ဒယ်တဦးရဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ လတ်တလော အင်တာနက်စာမျက်နှာတွေပေါ်မှာ ရေပန်းစားနေပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ သူဟာ အဲဒီလိုအနေအထားနဲ့ စတိတ်စင်ပေါ်ကို ရဲရဲဝံ့ဝံ့ တက်လာခဲ့ပြီး သရုပ်ပြ လမ်းလျှောက်ခဲ့တာကို တွေ့ရပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ကို ယူကျုဘ်အင်တာနက်စာမျက်နှာပေါ်မှတဆင့် မျှဝေခဲ့ချိန်မှာ တနေ့တည်းတင် ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၁ သိန်း ၇ သောင်းနီးပါး ရှိခဲ့တယ်လို့ မေရာသတင်းမှာ နိုဝင်ဘာလ ၂ ရက်နေ့က ဖော်ပြပါတယ်။ အံ့အားတသင့်နဲ့ ငေးမောနေကြတဲ့ ပရိသတ်တွေဟာ သူတို့ရဲ့ လက်ကိုင်ဖုန်းတွေကို ထုတ်ပြီး ရိုက်ယူခဲ့ကြတာပါ။ ပရိသတ်တဦးကတော့ “ဦးထုပ်၊ ပန်းရောင်ရှုးစ်ဖိနပ်နဲ့ အိတ်ဟာ… အိုး… တ ကယ့်ကို အသက်ရှူမှားစေလောက်တဲ့ အတွဲအစပ်ပဲ”လို့ မှတ်ချက်ရေးခဲ့ပါတယ်။ ဒီရှိုးပွဲဟာ လန်ဒန်ဖက်ရှင်သီတင်းပတ်ကာလအတွင်း နှစ်စဉ် ဖေဖော်ဝါရီလနဲ့ စက်တင်ဘာလတွေမှာ ကျင်းပလေ့ရှိတဲ့ အမျိုးသမီးအဝတ်အထည်နဲ့ ဖက်ရှင်အသုံးအဆောင် သရုပ်ပြပွဲဖြစ်ပြီး On|Off လုပ်ငန်းကနေ စီစဉ်တင်ဆက်နေတာ ဖြစ်ပါတယ်။
6 years Ago
Up