ဝင်းဂါးအနေဖြင့်

June 1, 2017

ဝင်းဂါးအနေဖြင့် ဆန်းချက်ဇ်နှင့် အိုဇေးလ်ကို ရောင်းချသင့်ဟု မာတင်ကီယွန်ပြော

အာဆင်နယ်အသင်းရဲ့ မန်နေဂျာ အာစင်ဝင်းဂါးဟာ ကစားသမားတွေဖြစ်တဲ့ ဆန်းချက်ဇ်နဲ့ အိုဇေးလ်ကို ရောင်းသင့်တယ်လို့ ကစားသမားဟောင်း မာတင်ကီယွန်က ပြောလိုက်ပါတယ်။ ပြင်သစ်လူမျိုးနည်းပြ ၀င်းဂါးဟာ အသင်းနှင့် ၂ နှစ်သက်တမ်းတိုး ဖို့ သဘောတူညီခဲ့ပြီးနောက် အသင်းအနေနဲ့ နောက်လာမယ့် ပရီးမီးယားလိဂ်ရာသီမှာ  သူ့ဘက်က စိန်ခေါ်မှုတွေ ရှိလာနိုင်တယ်လို့ ပြောခဲ့တာပါ။ ရှေ့တန်းကစားသမား ဆန်းချက်ဇ်နဲ့ အလယ်တန်းကစားသမား အိုဇေးလ်တို့ဟာ စာချုပ်သက်တမ်းတနှစ်သာ ကျန်ရှိနေတာဖြစ်ပါတယ်။ “သူတို့ ၂ ယောက်အနေနဲ့ အသင်းကို တာ့တာပြထွက်သွားလိုက်မယ်ဆိုရင် ဒါဟာ အမှန်ကန်ဆုံး ဆုံးဖြတ်ချက်ပါပဲ”လို့ ကီယွန်က ဘီဘီစီရေဒီယို ၅ လိုက်ဖ်ရုပ်သံကို ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အာဆင်နယ်အသင်းအနေနဲ့ ပရီးမီးယားလိဂ်မှာ အဆင့် ၅ နေရာသာ ရရှိခဲ့ပြီးနောက် ချန်ပီယံလိဂ်မှာ ၀င်ခွင့်မရခဲ့တာဟာ နှစ်ပေါင်း ၂၀ အတွင်း ပထမအကြိမ်ဖြစ်တယ်လို့ ဆိုပါတယ်။ ဆန်းချက်ဇ်ဟာ အသင်းမှာ တပတ်လုပ်ခလစာ ပေါင် ၃ သိန်းနဲ့ သဘောတူညီခဲ့ချိန်မှာ အိုဇေးလ်ကတော့ တပတ်လုပ်ခလစာ ပေါင် ၂ သိန်းခွဲပေးတာကို ငြင်းပယ်ထားခဲ့တာပါ။ “အသင်းကို ကိုင်တွယ်တဲ့ မန်နေဂျာတယောက်အနေနဲ့ အခုချိန်မှာ ပြတ်သားတဲ့ ဆုံးဖြတ်ချက်ကို ချရမယ့်အချိန်ပါပဲ။ ဆန်းချက်ဇ်ရဲ့ စာချုပ်ဟာ ရာနှုန်းပြည့် စိတ်ချရပြီလား။ ဒါတကယ်ဖြစ်လာမလား။ အိုဇေးလ်ကရော တကယ်ပဲ ထွက်သွားမှာလား။ ကျ နော်ထင်တာကတော့ သူတို့ ၂ ယောက်လုံး ထွက်ချင်ကြမှာပဲ။ ဘာလို့လဲဆိုတော့ သူတို့ ချန်ပီယံလိဂ်ဖလားရချင်မှာပဲလေ”လို့ အာဆင်နယ်အသင်းမှာ ပွဲပေါင်း ၃၀၀ ကျော်ကစားခဲ့တဲ့ ကီယွန်က ဆိုပါတယ်။ အာဆင်နယ်တသင်းထဲမှာပဲ ပွဲပေါင်း ၅၀၀ ကျော်ကစားခဲ့ဖူးတဲ့ အသင်းခေါင်း ဆောင်ဟောင်း တိုနီအဒမ်စ်ကတော့ အသင်းရဲ့ လက်ရှိကစားသမားတွေဟာ ကြီးမားတဲ့ အောင်မြင်မှုတွေရဖို့ စိန်ခေါ်မှုတွေအတွက် လုံလောက်အောင် မကောင်းမွန်ဘူးလို့ ပြော လိုက်တာပါ။ “သူ(၀င်းဂါး)က နောက် ၂ နှစ်ဆိုရင်တော့ အသင်းအနေနဲ့ ချန်ပီယံလိဂ်ကို ပြန်ရရှိ အောင်လုပ်ကောင်းလုပ်နိုင်မယ်လို့ တွေးထားမှာပါပဲ။ ဒီလူတွေကို ကြည့်ပါဦး။ ကျနော်တော့ သူတို့လုပ်နိုင်မယ်လို့ မထင်ဘူးဗျ။” သူ့အနေနဲ့ ၀င်းဂါးကို နောက်ထပ် အချိန် ၂ နှစ်တာကာလအတွင်းမှာ အရှုံးတွေနဲ့ အဆုံးမသတ်သွားစေချင်ဘူးလို့ အဒမ်စ်က ထပ်ပြောပါတယ်။ “ကျနော် နောက်လာမယ့် ၂ နှစ်မှာ ၀င်းဂါးကို ဗီလိန်အဖြစ်ဆက်မြင်နေမှာမျိုး၊ အာ ဆင်နယ်အသင်းအတွက် ဆိုးဝါးတဲ့သူတဦးအဖြစ်မြင်နေကြမှာမျိုးကို မလိုလားပါဘူး။ ဒါ ဟာ မှားယွင်းမှုပါ။ သူဟာ အသင်းကို တောက်ပလာအောင်လုပ်ပေးခဲ့သူပါပဲ”
4 years Ago
Up