ဝင်ရောက်ဖျက်သိမ်း

August 5, 2017

မန္တလေး သပိတ်စခန်းအား အစိုးရအဖွဲ့ ၀င်ရောက်ဖျက်သိမ်း

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မဟာမုနိဘုရားဝင်းရှိ သာသနာ ၂၅၀၀ ဗိမာန်မှာ အစိုးရဖြုတ်ချရေးအတွက် ဖွင့်ထားတဲ့ သပိတ်စခန်းကို ၀င်ရောက် ဖျက်သိမ်းပြီး သံဃာနှင့်လူအချို့ကို ဖမ်းဆီးလိုက်ပါတယ်။ မဟာမုနိဘုရားကြီးနယ်မြေမှာ အမျိုးသားရေး အမည်ခံထားတဲ့ သံဃာနဲ့လူတချိုက ဖွင့်ထားတဲ့ အစိုးရဆန့်ကျင်ရေး သပိတ်စခန်းကို ဒီမနက် ၂ နာရီ ၁၅ မိနစ်လောက်မှာ  မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့က ဦးဆောင်ပြီး ခရိုင်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ နယ်မြေခံ သတင်းတပ်ဖွဲ့တို့က  ဖြိုခွဲလိုက်ပါတယ်။ ဆန္ဒပြနေတဲ့ သံဃာ ၇ ပါးနဲ့ လူ ၄ ယောက်တို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးပြီးကားတွေနဲ့ တင်ဆောင်သွားပါတယ်။ သံဃာတပါးနဲ့ အမျိုးသမီးတယောက်ကို ဖမ်းတဲ့အချိန်မှာ ဆူပူကြပေမယ့် အများစုကတော့ အသာတကြည် အဖမ်းခံခဲ့ကြပါတယ်။ သပိတ်စခန်းကို ဖျက်သိမ်းရာမှာ နိုင်ငံရေးပါတီဝင်တွေဖြစ်တဲ့ ကိုမြင့်ဦး -ချမ်းမြသာစည်မြို့နယ် ကိုခင်မောင်ကြည် ချမ်းမြသာစည်မြို့နယ်တို့နဲ့အတူ ကိုတင်ဇော်ကို (၅၁၁)ရပ် မဟာအောင်မြေမြို့နယ် ဦးကျော်မျိုးဆွေ(ခ) မျိုးမျိုး အကွက်(၆၅၀) အကျော်တန်းရပ် မဟာအောင်မြေမြို့နယ် နေသူတို့ဟာ ဝင်ရောက်ဆီးနင်းတုန်း ထွက်ပြေးတိမ်းရှောင် သွားတာကြောင့် လိုက်လံ ရှာဖွေနေဆဲဖြစ်ပါတယ်။ ရန်ကုန်နဲ့ မန္တလေးက သပိတ်စခန်းတွေဟာ ကျင့်ထုံးဥပဒေတွေနဲ့ ဆန့်ကျင်နေလို့ တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူခံရမှာဖြစ်ကြောင်း သက်ဆိုင်ရာက မနေ့က သတိပေးအပြီးမှာ ဖျက်သိမ်းလိုက်တာ ဖြစ်ပါတယ်။
4 years Ago
Up