ဝင်ရောက်စစ်ဆေး

May 17, 2017

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသိမ်ကြီးဈေးကို ၀င်ရောက်စစ်ဆေး

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနဲ့ ဌာနဆိုင်ရာတွေပူးပေါင်းပြီး မေလ ၁၇ ရက်နေ့က ရန်ကုန်မြို့ သိမ်ကြီးဈေးကို ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။ FDA စည်ပင်နဲ့ ရဲတပ်ဖွဲ့တို့ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ဆေးဝါး၊ အလှကုန်၊ အစားအသောက်နဲ့ သားငါးတွေကိုပါ စစ်ဆေးခဲ့ပါတယ်။ FDA က ညွှန်ကြားရေးမှူး ဒေါက်တာဒေါ်ခင်စောလှ က “အစားအသောက်တွေဆိုရင် တားမြစ်ဆိုးဆေး ဆေးဝါးတွေဆိုရင် ရောင်းချခွင့်မရှိတဲ့ ဆေးဝါးတွေ ရောင်းချနေခြင်းမရှိ ဒါတွေကို အဓိက စစ်ပါတယ်။ Mobile Lab လည်း တခါတည်းပါတဲ့အတွက် နမူနာ ယူထားတာတွေကို ချက်ချင်းစစ်မှာပါ။ တားမြစ်ထားတာတွေရှိရင် ထုတ်ပြန်ကြေညာသွားမှာ ဖြစ်ပါတယ်။ “ဒီနေ့က ထူးခြားတာက အဖွဲ့စုံတယ်။ တိုင်းရင်းဆေးစစ်တဲ့အဖွဲ့ စတဲ့ အရင်မပါခဲ့တဲ့ အဖွဲ့တွေပါပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။ အခုလို ပူးပေါင်းအဖွဲ့တွေနဲ့ ရှောင်တခင်စစ်ဆေးတာကို ရန်ကုန်မြို့က တခြားဈေး တွေမှာလည်း ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
4 years Ago

February 23, 2017

ရဲအချုပ်ခန်းများ၌ လူ့အခွင့်ရေးချိုးဖောက်မှုရှိ မရှိ ကော်မရှင်ဝင်ရောက်စစ်ဆေး (ဓာတ်ပုံ)

ရန်ကုန် မြောက်ပိုင်းခရိုင်ထဲက ရဲစခန်း အချုပ်ခန်း၊ တရားရုံးနဲ့ ဆေးရုံတွေမှာ လူ့အခွင့် အရေးချိုးဖောက်ခံရမှု ရှိမရှိ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် တာဝန်ရှိသူတွေက ဖေဖော်ဝါရီ ၂၃ ရက်မှာ ၀င်ရောက် စစ်ဆေးခဲ့ပါတယ်။ လှည်းကူးမြို့မရဲစခန်း၊ မင်းကုန်း စိုက်ပျိုးရေး မွေးမြူရေးနှင့် အသက်မွေးမှုအတက်သင်စခန်းနဲ့ လှည်းကူးမြို့နယ်တရားရုံးတွေကို စစ်ဆေးခဲ့ပြီးဖြစ်ပါတယ်။ ဓာတ်ပုံ ဟိန်းကို
4 years Ago
Up