ဝင်ငွေကျဆင်း

January 14, 2017

ကျောပိုးအိတ် ခရီးသွားအစီစဉ်ကြောင့် ထိုင်းဟိုတယ်ကြီးများ ၀င်ငွေကျဆင်း

ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်ပြီး နာမည်ကြီးတဲ့ ထိုင်းနိုင်ငံမှာ ငွေကုန်ကြေးကျနည်းတဲ့ ကျောပိုးအိတ်ခရီးသွားတွေကြောင့် ဈေးကောင်းတဲ့ ဟိုတယ်ကြီးတွေ ၀င်ငွေ ကျဆင်းသွားတယ်လို့ သိရပါတယ်။ အထူးသဖြင့် ဇန်န၀ါရီ ၂၈ ရက်ကနေ ဖေဖေါ်ဝါရီ ၂ ရက်အထိ ကျင်းပမယ့် တရုတ်နှစ်သစ်ကူး ပွဲတော်အတွက် ဇိမ်ခံဟိုတယ်ကြီးတွေမှာ တည်းခိုမယ့်သူ မရှိသလောက်နည်းသွားတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။ နာမည်ကျော် ကျောက်ဖယားမြစ်ထဲမှာ ဇိမ်ခံသင်္ဘော ၆ စီး ဖွင့်လှစ်ထားတဲ့ ကြယ်သုံးပွင့် ရေပေါ်စားသောက်ဆိုင်ကုမ္ပဏီဆိုရင် တစီးလောက်သာ စီးနင်းသူရှိတယ်လို့ ကုမ္ပဏီဥက္တဋ္ဌက ပြောပါတယ်။ ထိုင်းနိုင်ငံဟာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်ရင် အိမ်နီးချင်း အာဆီယံနိုင်ငံတွေထက် ၀င်ငွေပိုကောင်းလေ့ရှိပြီး စုစုပေါင်းခရီးသည်အားလုံးရဲ့ သုံးပုံတစ်ပုံဟာ  တရုတ်ခရီး သည်တွေဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ စက်တင်ဘာလက စတင်ခဲ့တဲ့ "zero-dollar" လို့ အမည်ပေးထားတဲ့ အကုန်အကျအနည်းဆုံး ကျောပိုးအိတ်ခရီးသွား အစီအစဉ်ကြောင့် ဟိုတယ်ကြီးတွေ ၀င်ငွေကျဆင်းပြီး အခွန်ပေးဆောင်မှုလည်း လျော့နည်းသွားခဲ့ကြောင်း ဘန်ကောက်ကပေးပို့တဲ့ ရိုက်တာသတင်းအရ သိရပါတယ်။
5 years Ago
Up