ဝင်ဘလေကွင်းကို

April 28, 2018

ဝင်ဘလေကွင်းကို ၀ယ်ယူရန် ဖူဟမ်အသင်းပိုင်ရှင် ကမ်းလှမ်း

  ဖူဟမ်အသင်းပိုင်ရှင်ဟာ ၀င်ဘလေကွင်းကို ပေါင်သန်း ၉၅၀ နဲ့ ၀ယ်ယူဖို့ ကမ်းလှမ်းထားပါတယ်။ ဖူဟမ်အသင်းရဲ့ အမေရိကန်လူမျိုး အသင်းပိုင်ရှင် ရှာဟစ်ခမ်းဟာ ၀င်ဘလေကွင်းကို ၀ယ်ယူဖို့ စိတ်အားထန်သန်နေပြီး အကောင်းဆုံးကွင်းတစ်ကွင်းဖြစ်လာဖို့ မျှော်လင့်ထားတာပါ။ ဖူဟမ်အသင်းပိုင်ရှင် ခမ်းအနေနဲ့ ၀င်ဘလေကွင်းကိုဝယ်ယူဖို့ ကြိုးပမ်းနေပေမယ့် အင်္ဂလန်အသင်းရဲ့ အိမ်ကွင်းအဖြစ် ဆက်လက်ထားရှိမှာဖြစ်ပြီး ဖူဟမ်အသင်း အိမ်ကွင်းအဖြစ် ပြောင်းလဲကစားဖို့တော့ ဆန္ဒမရှိဘူးလို့ သိရပါတယ်။ လန်ဒန်အခြေစိုက်ကလပ် ဖူဟမ်အသင်းဟာ လက်ရှိအိမ်ကွင်းအဖြစ်  ခရာဗင်ကော့တေ့ခ်ျကွင်းကို ၁၈၉၆ ခုနှစ်ကတည်းက အသုံးပြုခဲ့တာပါ။ ချဲလ်ဆီးအသင်းဟာ စတမ်းဖို့ဒ်ဘရစ်ကို ပြုပြင်မှာဖြစ်လို့ ၀င်ဘလေကွင်းကို ငှားရမ်းအသုံးပြုဖို့လည်း ဖူဟမ်းအသင်းပိုင်ရှိ ရှာဟစ်ခမ်းက တိုက်တွန်းထားပါတယ်။
3 years Ago
Up