ဝင်တိုက်

December 23, 2017

အမြန်လမ်းတွင် ကားတစီး အရှိန်လွန် လမ်းဘေးတန်းကို ၀င်တိုက်

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၂၁၅/၇ နဲ့ ၂၁၆/၀ အကြား ဒီနေ့မနက် အစောပိုင်းက မတ်တူးကားတစီး အရှိန်လွန်ကာ လမ်းတဖက်ယာဉ်ကြောရှိ ဘားတန်းကို တိုက်မိပြီး ကားပေါ်ပါ လူ ၅ ဦး ဒဏ်ရသွားတယ်လို့ ပန်းတင်အမြန်လမ်းရဲစခန်း တာဝန်ကျရဲအရာရှိက ပြောပါတယ်။ ဖြစ်စဉ်မှာ နေပြည်တော်ကနေ မန္တလေးကို တင်ထွဋ်ဝင်း မောင်းလာတဲ့ မတ်တူးကားဟာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကျော်တက်သွားပြီး တဖက်ယာဉ်ကြောရှိ မြေသားလမ်းမှာ ကာထားတဲ့ အလူမီနီယမ်ဘားတန်းကိုတိုက်မိပြီး ကားပေါ်ပါလာတဲ့ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ကျရဲအရာရှိက ပြောပါတယ်။ ပန်းတင်ရဲစခန်း အမှုစစ်ရဲအရာရှိက “ရဲတပ်ဖွဲ့ဝင် ၁၂ ဦး၊ မီးသတ်တပ်ဖွဲ့နဲ့ အခင်းဖြစ်နေရာ သွားခဲ့တယ်။ ကားပေါ်ပါသူအားလုံး ဒဏ်ရာရကြတယ်။ အားလုံးကတော့ ရန်ကုန်၊ တာမွေမြို့နယ်မှာနေသူတွေပါ။ ကားကတော့ ၁၅ သိန်ဖိုးလောက်ပျက်သွားတယ်။ တပ်ဖွဲ့ပိုင်ကားနဲ့ပဲ နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံ ပို့ပေးရတယ်” လို့ ပြောပါတယ်။ ဒေသခံတဦးက “အရှိန်က အရမ်းများတယ်။ လမ်းလယ်ကျွန်းကိုတောင် ကျော်တက်သွားပြီး တဖက်လမ်းက မြေသားမှာကာထားတဲ့ ဘားတန်းကိုတိုက်မှရပ်တယ်။ ဘားတန်းမရှိရင် မရပ်လောက်ဘူး၊ ကားကတော့ စက္ကူကို ချေလိုက်သလိုပဲ ဖြစ်သွားတယ်” လို့ ပြောပါတယ်။ အမြန်လမ်းပန်းတင်ရဲစခန်းက ကိုတင်ထွဋ်ဝင်းကို ယာဉ်မဆင်မခြင်ပေါ့ဆစွာ မောင်းလို့ သာမန်ဒဏ်ရာရမှု၊  ပြင်ထန်းဒဏ်ရာရမှု ရာဇသတ်ကြီးပုဒ်မ-၃၃၇/၃၃၈ နဲ့ အမှုဖွင့် အရေးယူထား တယ်လို့ သိရပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
4 years Ago

September 16, 2017

နေတိုးစစ်ယာဉ်တန်းကို ဖောက်ခွဲရေးပစ္စည်းတင်ကားက ၀င်တိုက်

အာဖဂန်နစ္စတန် နိုင်ငံအတွင်း နေတိုးခေါင်းဆောင်တဲ့ စစ်ဆင်ရေးအဖွဲ့ ယာဉ်တန်း ခရီးသွားနေချိန်မှာ ဖောက်ခွဲရေးပစ္စည်းတွေ တပ်ဆင်ထားတဲ့ ကားတစီးက ယာဉ်တန်းကို စက်တင်ဘာ ၁၅ ရက်နေ့က ဝင်တိုက်ခဲ့လို့ ရိုမေးနီးယား နိုင်ငံသား စစ်သည် ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ရိုမေးနီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။ စစ်သားတွေဟာ ကန်ဒဟာ ဒေသအတွင်း ယာဉ်တန်းနဲ့ ခရီးသွားနေခဲ့တာလို့ ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ပါတယ်။ အာဖဂန်စစ်တပ်ကို သင်တန်းပေးဖို့၊ အကြံပေးဖို့နဲ့ ထောက်ပံ့ကူညီဖို့ စစ်ဆင်ရေး အစိတ်အပိုင်းအနေနဲ့ နိုင်ငံပေါင်း ၃၉ နိုင်ငံက စစ်သည်အင်အား ၁၃၀၀၀ နီးပါး အာဖဂန် နိုင်ငံထဲမှာ ဆက်ရှိနေပါတယ်။ ၂၀၀၄ ခုနှစ်တည်းက နေတိုးအဖွဲ့ဝင် နိုင်ငံ ဖြစ်လာတဲ့ ရိုမေးနီးယားဟာ နေတိုးရဲ့ အာဖဂန် စစ်ဆင်ရေးအတွက် တပ်ဖွဲ့ဝင် အင်အား ၆၂၀ ထည့်ဝင်ထားပါတယ်။ ဒီအဖွဲ့ဟာ အာဖဂန် နိုင်ငံအတွင်း တာလီဘန် တိုက်ခိုက်ရေးသမားတွေရဲ့ တိုက်ခိုက်မှုကို ရင်ဆိုင်နေရပါတယ်။ နိုင်ငံခြား စစ်ဆင်ရေးတွေအတွင်း စစ်သည် ၂၉ ဦး ကျဆုံးပြီး အယောက် ၁၈၀ ဒဏ်ရာရခဲ့တယ်လို့ ဥရောပသမဂ္ဂက ဖော်ပြထားကြောင်း ရိုမေးနီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ပြောခဲ့ပါတယ်။
4 years Ago
More News
Up