ဝင်စီးခဲ့သည့်ရုပ်သံ ပျံ့နှံ့ (ရုပ်သံ)

April 22, 2018

ပစ်ခတ်ခံရသည့်စာသင်ကျောင်းထဲ အမေရိကန်ရဲတပ်ဖွဲ့ ၀င်စီးခဲ့သည့်ရုပ်သံ ပျံ့နှံ့ (ရုပ်သံ)

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်က အထက်တန်းကျောင်းမှာ ပစ်ခတ်မှုကြောင့် ကျောင်းသားတယောက် ဒဏ်ရာရပါတယ်။ ဒါကြောင့် နိုင်ငံတလွှားက ထောင်နဲ့ချီတဲ့ ကျောင်းသားတွေက စာသင်ခန်းတွေကို စွန့်ခွာပြီး တင်းကြပ်တဲ့ လက်နက်ထိန်းချုပ်ရေး ဥပဒေတွေချမှတ်ဖို့ တောင်းဆိုဆန္ဒပြနေပါတယ်။ ဖလော်ရီဒါပြည်နယ် ကိုကလာအထက်တန်းကျောင်းမှာ ဧပြီလ ၂၀ ရက်နေ့က ပစ်ခတ်မှုမှာ လက်နက်ကိုင်ရဲတွေ စာသင်ခန်းထဲဝင်စီးခဲ့တဲ့ ဗွီဒီယိုဟာ တွစ်တာ စာမျက်ထက်မှာ ပျံ့နှံ့ ခဲ့ပါတယ်။ ပစ်ခတ်မှုကြောင့် ကျောင်းသား တယောက်ဒဏ် ရာရခဲ့ပါတယ်။ သေနတ်သမားမှာ ကျောင်းသားတစ်ယောက်ဖြစ်ပြီး အတန်းဖော်တယောက်ကို ပစ်ခတ်ခဲ့တာလို့ ရဲဌာနက ပြောပါတယ်။ လက်နက်ကိုင်အကြမ်းဖက်မှု ပပျောက်ရေးနဲ့ လက်နက်ရောင်းချမှုတွေကို ပိုပြီးတင်း ကြပ်ဖို့ နိုင်ငံရေးသမားတွေကို ဖိအားပေးရေး အမေရိကန် နိုင်ငံတ၀န်းက ထောင်နဲ့ချီတဲ့ ကျောင်းသားတွေဟာ ဧပြီလ ၂၀ ရက်နေ့က စာသင်ခန်းတွေကို စွန့်ခွာပြီး လမ်းလျှောက်ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။ ကိုလမ်ဘိုင်း အထက်တန်း ကျောင်းပစ်ခတ်မှု ၁၉ နှစ်ပြည့်နဲ့တိုက်ဆိုင်နေတာကြောင့် နယူးယောက်မြို့က ၀ါရှင်တန်ပန်းခြံမှာ ထောင်နဲ့ချီတဲ့ ကျောင်းသားတွေနဲ့ ပြည့်နေခဲ့ပါတယ်။ “ကျနော်တို့ထဲက တချို့ဟာ ၂၀၁၈ မှာ မဲပေးနိုင်ပါလိမ့်မယ်။ ကျနော်တို့ အများစုကတော့ ၂၀၂၀ မှာ မဲပေးနိုင်ကြမှာပါ။ ကျနော်တို့အားလုံးက အစိုးရရဲ့ပျက်ကွက်မှုကို အမှတ်ရနေမှာပါ။ ကျနော်တို့ မေ့မှာမဟုတ်ပါဘူး” လို့ ဆန္ဒပြ အထက်တန်းကျောင်းသား ၁ ဦးက ပြောခဲ့ပါတယ်။ လူအများအပြားဟာ လက်နက်ကိုင် အကြမ်းဖက်မှု ဆန့်ကျင်ရေး လှုပ်ရှားမှုကို ကိုယ်စားပြုတဲ့ လိမ်မော်ရောင်ကို ဝတ်ဆင်ထားပါတယ်။ ၁၉၉၉ ကိုလံဘိုင်း အထက်တန်းကျောင်း ပစ်ခတ်မှုကြောင့် ကျောင်းသား ၁၂ ယောက်နဲ့ ဆရာတယောက် သေဆုံးခဲ့ ဖူးပါတယ်။
3 years Ago
Up