၀က်ဖို့ဒ်

September 5, 2020

၀က်ဖို့ဒ် ကွင်းလယ်လူကို ပေါင် ၂၂ သန်းဖြင့် အဲဗာတန် ခေါ်ယူ

ဝက်ဖို့ဒ် ကွင်းလယ်လူ ဒူကိုရေးဟာ အဲဗာတန်အသင်းဆီကို ပေါင် ၂၂သန်းနဲ့ ပြောင်းရွှေ့သွားပါတယ်။  အသက် ၂၇ နှစ်ရှိ မာလီကွင်းလယ်လူ ဒူကိုရေးဟာ ပြီးခဲ့တဲ့ရာသီက ဝက်ဖို့ဒ်အသင်းမှာ ကစားခဲ့ပြီး တန်းဆင်းခဲ့ရတာကြောင့် အသင်းပြောင်းဖို့ ဆုံးဖြတ်ခဲ့တာပါ။  ဝက်ဖို့ဒ်အတွက် စုစုပေါင်း ၁၂၉ ပွဲအထိ ကစားခဲ့ပြီး ၁၇ ဂိုးသွင်းခဲ့တဲ့ ဒူကိုရေးဟာ ပရီးမီးယားလိဂ်အတွေ့အကြုံရှိ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။  စက်တင်ဘာ ၃ ရက်က အဲဗာတန်နဲ့ ဆေးစစ်မှု အောင်မြင်ခဲ့ပြီး ၄ နှစ်စာချုပ်ချုပ်ဆိုမယ်လို့ သိရပါတယ်။  ပြင်သစ်ကလပ် ရင်းနက်စ်နဲ့ စပိန်ကလပ် ဂရန်နာဒါအသင်းတွေမှာလည်း ကစားခဲ့ဖူးတဲ့ ဒူကိုရေးဟာ ၂၀၁၆ ခုနှစ်က ဝက်ဖို့ဒ်အသင်းဆီ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ အဲဗာတန်အသင်းဟာ ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ ဂျိမ်းရိုဒရီဂွက်ဇ်ကိုလည်း ခေါ်ယူနိုင်ဖို့ နီးစပ်နေတယ်လို့ သိရပါတယ်။
1 year Ago
Up