၀က်စ်ဟမ်း

November 27, 2020

၀က်စ်ဟမ်း-မန်ယူပွဲစဉ် ပရိသတ်များ ဝင်ခွင့်ရမည်

ဝက်စ်ဟမ်းနဲ့ မန်ယူပွဲစဉ်ဟာ ပြီးခဲ့တဲ့ မတ်လနောက်ပိုင်း ပရိသတ်တွေ ပထမဆုံးအကြိမ်ဝင် ရောက်ကြည့်ရူခွင့်ရတဲ့ ပွဲစဉ်ဖြစ်လာတော့မှာပါ။  ဗြိတိန်အစိုးရရဲ့ ဒုတိယအကြိမ် လော့ဒေါင်းကာလ ပြီးဆုံးသွားပြီဖြစ်လို့ သတ်မှတ်ထားတဲ့ မြို့တွေမှာ အကန့်အသတ်နဲ့ ဘောလုံးကွင်းတွေထဲမှာ ဝင် ရောက်ကြည့်ရူခွင့်ရတော့မှာပါ။  ဗြိတိန်အစိုးရရဲ့ သတ်မှတ်ချက်အရ လန်ဒန်၊ လီဗာပူးနဲ့ တခြားနေရာ တချို့အတွက် အဆင့် ၂ သတ်မှတ်ထားပြီး ဘောလုံးပွဲတွေမှာ ပရိသတ် ၂ ထောင်အထိဝင် ရောက်ကြည့်ရူခွင့်ပေးထားတာပါ။  မန်ယူနဲ့ မန်စီးတီးအသင်း တို့အခြေစိုက်ရာ မန်ချက်စတာမြို့ အပါအဝင် တခြားနေရာတချို့ကိုတော့ အလွန်မြင့်မားတဲ့ အဆင့် ၃ အဖြစ် သတ်မှတ်ထားပြီး ပရိသတ်တွေ ဝင်ရောက်ကြည့်ရူခွင့် မပေးသေးတာဖြစ်ပါတယ်။  ဒါကြောင့် ဒီဇင်ဘာ ၆ ရက်နေ့ ဝက်စ်ဟမ်းအသင်းရဲ့အိမ်ကွင်း လန်ဒန်ကွင်းမှာ ကျင်းပမယ့် မန်ယူနဲ့ပွဲစဉ်က ပရိသတ်တွေ ပထမဆုံးအကြိမ်ဝင် ကြည့်ခွင့်ရမယ့်ပွဲဖြစ်လာမယ်လို့ သိရပါတယ်။  အဲဒီနောက် ချဲလ်ဆီးနဲ့ လိဒ်ယူနိုက်တက်ပွဲစဉ်၊ စပါးနဲ့ အာဆင်နယ်ပွဲစဉ်တွေမှာလည်း ပရိသတ်  ၂ ထောင်လောက် ဝင်ရောက်ကြည့်ရှုခွင့်ရမှာဖြစ်ပါတယ်။ 
1 year Ago

July 1, 2020

၀က်စ်ဟမ်းကွင်းလယ်လူ ဒက်ကလန်ရိုက်ကို ခေါ်ယူရန် ဆွေးနွေးမှုမရှိဟု ချဲလ်ဆီးနည်းပြပြော

ဝက်စ်ဟမ်း ကွင်းလယ်လူ ဒက်ကလန်ရိုက်နဲ့ အပြောင်းအရွှေ့ကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးမှုမရှိဘူးလို့ ချဲလ်ဆီးနည်းပြက လမ်းပတ်က ဖြေရှင်းလိုက်ပါတယ်။  ချဲလ်ဆီးအသင်းဟာ ဇူလိုင် ၂ ရက် မနက်ပိုင်းမှာ ဝက်စ်ဟမ်းအသင်းနဲ့ အဝေးကွင်းမှာ သွားရောက်ကစားရမှာပါ။ အဲဒီပွဲမတိုင်ခင်မှာ ပြိုင်ဘက်ကွင်းလယ်လူ ဒက်ကလန်ရိုက်နဲ့ အပြောင်းအရွှေ့ကိစ္စအပေါ် မီဒီယာတွေက မေးမြန်းခဲ့ကြတာပါ။ ဒက်ကလန်ရိုက်ဟာ ကောင်းမွန်တဲ့ ကစားသမားတစ်ဦးဆိုတာ လက်ခံပြီး ချဲလ်ဆီး အကယ်ဒမီထွက် ကစားသမားဖြစ်တာကြောင့် အရင်ကတည်းက သိရှိခဲ့ကြောင်း နည်းပြ လမ်းပတ်က ပြောပါတယ်။ ဒါပေမဲ့ တစုံတရာ ဆွေးနွေးမှုမရှိကြောင်းနဲ့ အသင်းရဲ့ကွင်းလယ်ပိုင်းမှာ ကစားသမားတွေ အများကြီးရှိကြောင်းလည်း လမ်းပတ်က ပြောပါတယ်။ ကွင်းလယ်လူ ကန်တေဟာ အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြနေသလို တခြား ကွင်းလယ်ကစားသမားတွေလည်း ရှိနေတာကြောင့် ပွဲထွက်ခွင့်အတွက် ပြိုင်ဆိုင်မှုတွေ ရှိတယ်လို့လည်း နည်းပြလမ်းပတ်က ပြောပါတယ်။
2 years Ago
Up