ဝက်ဝံဟောကိန်း

June 16, 2018

ဆင်လေး ဇယ်လာနှင့်ပိုလာဝက်ဝံတို့၏ ဂျာမနီအသင်းအတွက်ဟောကိန်း ဘယ်သူမှန်မလဲ (ရုပ်သံ)

ဘောလုံးပွဲတွေမှာ ဘယ်အသင်းနိုင်မလဲဆိုပြီး တိရစ္ဆာန်လေးတွေကို ရွေးချယ် ခန့်မှန်း ခိုင်းတာဟာ ဒီဘက် နှစ်ပိုင်းတွေမှာ အစဉ်အလာလိုဖြစ်နေတာပါ။ ဂျာမနီနိုင်ငံ စတူးဂတ်မြို့က ဇယ်လာလို့ နာမည်ပေးထားတဲ့ ဆင်တကောင်က ဂျာမန်ဘောလုံး အသင်းအတွက် ကံမကောင်းဘူးလို့ ခန့်မှန်းပေးလိုက်ပါတယ်။ ဒါပေမယ့် ဆင်လေးရဲ့ ဟောကိန်းတွေဟာ ဥရောပ ချန်ပီယံပွဲအတွင်း နောက်ပိုင်း ပွဲစဉ်တွေမှာ ပိုအောင်မြင်ခဲ့တယ်လို့ စတူးဂတ် တိရစ္ဆာန်ရုံရဲ့ ညွှန်မှူး သောမတ်စ် ခယ်ပင်က သေချာအောင် ပြောပါတယ်။ ဇူလိုင် ၁၅ ရက်မှာ ဆီနီဂေါက ချန်ပီယံဖြစ်မယ်လို့ ဆင်က ဟောကိန်းထုတ်ထားပါတယ်။ အကောင်းမြင်ဝါဒ လက်ကိုင်ထားတဲ့ ဂျာမန် ဘောလုံး ဝါသနာအိုးတွေကတော့ နာနွတ်လို့ ခေါ်တဲ့ ပိုလာဝက်ဝံပေါက်လေးရဲ့ ဟောကိန်းကို ပိုကြိုက်ကြပါတယ်။ ဂျာမန်အနောက်ပိုင်း ဂယ်လ်ဇင်ခါချင် မြို့က ပိုလာဝက်ဝံကတော့ ဂျာမန်အလံ စိုက်ထားတဲ့ ငါးပုံးကို ရွေးခဲ့ပါတယ်။ မက်ဆီကန်ပုံးကို စုတ်ဖြဲလိုက်တယ်။ ဒါဟာ ကျနော်တို့က သူတို့ကို နိုင်မယ့် လက္ခဏာပဲလို့ တိရစ္ဆာန်ဥယျာဉ်မှူး မားကတ်စ် တေခမ်ပေက ပြောပါတယ်။ ဂျာမန် အသင်းဟာ ဇွန် ၁၇ မှာ မက်ဆီကိုနဲ့၊ ဇွန် ၂၃ မှာ ဆွီဒင်၊ ဇွန် ၂၇ မှာ တောင်ကိုရီးယား အသင်းတို့နဲ့ အသီးသီး ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
3 years Ago
Up