ဝက်ဝံ

A d v e r t i s e m e n t With Us

January 4, 2019

သာယာဝတီခရိုင်တွင် ရွာထဲဝင်လာသည့်ဝက်ဝံကြောင့် ၁ ဦးဒဏ်ရာရ၊ အသေဖမ်းဆီး

သာယာဝတီခရိုင်၊ ဇကျေးရွာထဲ လမ်းပျောက်ရောက်လာတဲ့ ဝက်ဝံတကောင်ကို အသေဖမ်းဆီးရမိပြီး လူတယောက် ဒဏ်ရာရရှိခဲ့ပါတယ်။ ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်မှာ ဇန်နဝါရီလ ၄ ရက်နေ့ မနက်အစောပိုင်းက ဖားရွှေကျော်ကျေးရွာအုပ်စု ဇကျေးရွာထဲ  ပဲခူးရိုးမတောအတွင်းက ဝက်ဝံအမတကောင် မျက်စိလည်ရောက်လာလို့ ရွာသားတွေက ၀ိုင်းဝန်းမောင်းထုတ်ရာကနေ အမျိုးသားတဦး ဒဏ်ရာရပြီး ဝက်ဝံကို အသေဖမ်းဆီးရခဲ့တယ်လို့ ကျေးရွာသားတဦးက ပြောပါတယ်။ "မနက်စောစော ရွာလယ်လမ်းမပေါ် ရောက်လာတဲ့ ဝက်ဝံကိုမြင်တဲ့ ဦးထွန်းထွန်းနဲ့ ဦးဝင်းသိန်းက အော်ပြီး အကူအညီတောင်းလို့ ရွာသားတွေထွက်ကြည့်တော့ ဘာကောင်မှန်းမသိဘူး။ သူကထွက်ပြေးတော့ အရှေ့လမ်းမှာပိတ်နေတဲ့ ဦးထွန်းထွန်းကို ဝင်တိုက်ပြီး လက်သည်းနဲ့ကုတ်ခြစ်သွားလို့ ထိခိုက်ဒဏ်ရာရသွားတယ်။ ရွာသားတွေ ဝိုင်းရိုက်လို့ ဝက်ဝံလည်း သေသွားတယ်။” အမြင့် ၄ ပေ၊ လုံးပတ် ၂ ပေ ၈ လက်မ၊ လက်တံ ၂ ပေ ၆ လက်မရှိ အနက်ရောင်ဝက်ဝံအမဖြစ်ပြီး သာယာဝတီသစ်တော ဦးစီးဌာနတာဝန်ရှိသူတွေနဲ့ ကျေးရွာ တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပါတယ်။ ဝက်ဝံတိုက်ခိုက်ခံရသူ ဦးထွန်းထွန်းက ဦးခေါင်းပေါတ်ပြဲဒဏ်ရာတွေကြောင့် သာယာဝတီဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့တယ်လို့ သိရပါတယ်။ သတင်း - မေသွယ်  
2 years Ago

June 23, 2016

လူကဲ့သို့ မတ်တတ်လမ်းလျှောက်သည့် ၀က်ဝံ လူမှုကွန်ရက်တွင် ရေပန်းစား (ရုပ်သံ)

အမေရိကန်ပြည်ထောင်စု နယူးဂျာဆီမှာ ၀က်ဝံတကောင်ဟာ လူလိုပဲ မတ်တတ်ရပ်လမ်းလျှောက်ပြီး လူနေအိမ်ကြားထဲမှာ သွားလာနေတဲ့ ရုပ်သံဟာ လူမှုကွန်ရက် မီဒီယာမှာ ရေပန်းစားနေပါတယ်။ ဇွန် ၂၀ ရက်မှာတော့ အိမ်နီးချင်းအိမ်ရှေ့မှာ ဖြတ်သန်းတဲ့ ၀က်ဝံကို မီးဖိုချောင် အခန်းကနေ ဒေသခံ ဂျော့ အယ်ပီဆီတိုက ဖုန်းနဲ့ မှတ်တမ်းတင်ခဲ့တာ ဖြစ်ပါတယ်။ ရှေ့ညာဘက်လက်ကျိုးနေတဲ့ ၀က်ဝံက နောက်ခြေတွေကို သုံးကာ လူလို လမ်းလျှောက်ခဲ့ပြီး လူနေအိမ် အနီးတ၀ိုက်ကို သွားနေတာ ဖြစ်ပါတယ်။ တနေရာအရောက်မှာတော့ မြက်တွေကို သေချာကြည့်နေတဲ့ ၀က်ဝံက လေးဘက်ထောက်သွားနေတာကို ရုပ်သံက မှတ်တမ်းတင်ထားပါတယ်။ ဒဏ်ရာရထားပေမယ့်လည်း ၀က်ဝံက သန်မာသလို ကနဦးမှာတော့ စိုးရွံ့မိပေမယ့် နောက်ပိုင်းမှာ ၀က်ဝံက ပျော်ရွှင်စရာကောင်းတယ်လို့ ဆိုပါတယ်။ လူတဦးတယောက်ကို အန္တရာယ်ပေးမယ့်ပုံ မပေါ်ဘူးလို့လည်း ဂျော့က ဆိုပါတယ်။ ဒီရုပ်သံကို လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်ပေါ် တင်လိုက်ရာမှာတော့ ကြည့်ရှုသူ သိန်းချီရှိခဲ့ပါတယ်။
5 years Ago
More News
Up