ဝက်လက်မြို့

April 19, 2019

ဝက်လက်မြို့နယ်တွင် လေပြင်း​ကြောင့် ​နေအိမ်​ ၆၀ ​ကျော်​ ထိခိုက်​ပျက်​စီး

စစ်​ကိုင်းတိုင်း​ဒေသကြီး ဝက်​လက်​မြို့နယ်​အတွင်းမှာ မနေ့ည​ ၇ နာရီလောက်က ​လေပြင်းတိုက်​ခတ်​တာကြောင့် ကိုင်းရွာအုပ်​စု ကိုင်းရွာမှာ အိမ်​​ခြေ ၆၀ ​ကျော်​ ထိခိုက်​ပျက်​စီးခဲ့ပါတယ်​။ “အိမ်​​ခြေက​တော့ အမိုးလန်​သွားတာ​ရော၊ လုံးဝပျက်​စီးသွားတာ​ရော၊ သစ်​ပင်​ပိတာ​ရော အားလုံး​ပေါင်း ၆၀ ​ကျော်​တယ်​ဗျ။ ဘုန်းကြီး​ကျောင်းက ကားတ​စီးလည်း အမိုးပိလို့ ပျက်​စီးသွား​သေးတယ်​” လို့ ​တာဝန်​ရှိ ရွာလူကြီးတဦးက​ ပြောပါတယ်​။ လေပြင်းကြောင့် ထိခိုက်​ပျက်​စီးတာတွေကို မြို့နယ်​ အုပ်​ချုပ်​​ရေးမှူးနဲ့အဖွဲ့ လွှတ်​​တော်​ကိုယ်​စားလှယ်​တွေ လာ​ရောက်​စစ်​​ဆေးကြပြီး အမြန်​ဆုံးအကူအညီ​ပေးနိုင်​​ရေး ​ဆောင်​ရွက်​​နေတယ်​လို့ သိရပါတယ်​။ “အိမ်​​ခြေ ၆၈ အိမ်​ နဲ့ ကားတစီးပျက်​စီးတယ်​။ လူနဲ့တိရစ္ဆာန်​ ထိခိုက်​မှု​တော့မရှိပါဘူး၊  အကူအညီ အမြန်​ဆုံးရ​အောင်​ တိုင်း/လူကယ်​ပြန်​ကို​တော့ အ​ကြောင်းကြားပြီးပြီ” လို့ တိုင်း​ဒေသကြီး လွှတ်​​တော်​ကိုယ်​စားလှယ်​ ဦးစိုးဝင်းထွန်းက ​ပြောပါတယ်​။ အပျက်​အစီးတွေ အမြန်​ရှင်းလင်းနိုင်​​ရေးအတွက်​ ​ရွှေဘိုမြို့ ခလရ ၁၁ မှ တပ်​မ​တော်​သားတွေက လာ​ရောက်​ကူညီရှင်းလင်း​နေကြတယ်လို့ သိရပါတယ်။ လေပြင်းကြောင့် ဝက်​လက်​မြို့နယ်​အတွင်းမှာ ကိုင်းရွာ တ​ရွာတည်း ပျက်​စီးတယ်​လို့ သိရပါတယ်​။ ​အောင်​စံလင်း
2 years Ago
Up