ဝက်စ်ဟမ်း ၃ - ၁ ၀တ်ဖို့ဒ်၊ လီဗာပူး ၄ - ၀ အဲဗာတန်

A d v e r t i s e m e n t With Us

April 21, 2016

ဝက်စ်ဟမ်း ၃ - ၁ ၀တ်ဖို့ဒ်၊ လီဗာပူး ၄ - ၀ အဲဗာတန် (ရုပ်သံဟိုက်လိုက်)

အင်္ဂလန်ပရီးမီးယားလိဂ် ၃၄ ပွဲမြောက် ပွဲစဉ်မှာတော့ ၀က်စ်ဟမ်းနဲ့ လီဗာပူးအသင်းတို့ အနိုင်ရရှိသွားပါတယ်။ ဧပြီ ၂၀ ရက်ညက ယှဉ်ပြိုင်တဲ့ ပွဲစဉ်မှာ ၀က်စ်ဟမ်းက ၀က်ဖို့ဒ်ကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားတာလည်း ဖြစ်ပါတယ်။ ပထမပိုင်း ၁၁ မိနစ်မှာ ၀က်စ်ဟမ်းက ကာရိုး အဖွင့်ဂိုးသွင်းယူခဲ့သလို ပထမပိုင်း ပြီးခါနီးမှာလည်း ပယ်နယ်တီကတဆင့် နိုဗယ်က ဒုတိယဂိုးသွင်းယူပြီး ပထမပိုင်းကို ၂ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ခဲ့ပါတယ်။ ဒုတိယပိုင်း ၅၃ မိနစ်မှာ ၀က်စ်ဟမ်းက ပယ်နယ်တီ ထပ်မံရရှိခဲ့ပြီး တတိယဂိုးကို သွင်းယူခဲ့ပါတယ်။ ၀က်ဖို့ဒ်ကတော့ ဒုတိယပိုင်း ၆၄ မိနစ်မှာ နှစ်သိမ့်ဂိုး ၁ ဂိုး သွင်းယူသွားတဲ့အတွက် ၃ ဂိုး ၁ ဂိုးနဲ့ ၀က်စ်ဟမ်းက အနိုင်ရရှိသွားပါတယ်။ ဒီပွဲမှာ ၀က်ဖို့ဒ်အသင်း ကစားသမားတဦးလည်း ပွဲပြီးခါနီးမှာ ၂ ၀ါ ၁ နီနဲ့ အထုတ်ခံရပါတယ်။
ဧပြီ ၂၀ ရက်ညကပဲ ယှဉ်ပြိုင်တဲ့ လီဗာပူးနဲ့ အဲဗာတန်တို့ ပွဲမှာတော့ လီဗာပူးက ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။ လီဗာပူးအတွက် ဂိုးတွေကို ပထမပိုင်း ၄၃ မိနစ်မှာ အော်ရီဂီနဲ့ နာကျင်အချိန်ပိုမှာ ဆာခိုက သွင်းယူပြီး ၂ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားပါတယ်။ ဒုတိယပိုင်း ၅၀ မိနစ်မှာတော့ အဲဗာတန်ကစားသမားတဦး တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံရလို့ လီဗာပူးအသင်း အခွင့်အရေးတွေ ပိုမိုရရှိခဲ့ပါတယ်။ ၆၁ မိနစ်မှာ စတားရစ်ခ်ျနဲ့ ၇၆ မိနစ်မှာ ကော်တင်ဟိုက တတိယနဲ့ စတုတ္ထဂိုးတွေကို သွင်းယူခဲ့ပါတယ်။ ဒီပွဲအနိုင်ကြောင့် လီဗာပူးအသင်းက ၃၃ ပွဲကစား ၅၄ မှတ်နဲ့ အမှတ်ပေးဇယား နံပါတ် ၇ မှာ ရပ်တည်နေပြီး နံပါတ် ၆ က ၃၄ ပွဲ ကစားထားတဲ့ ၀က်စ်ဟမ်းနဲ့ ၂ မှတ်အကွာမှာ ရှိနေပါတယ်။ အဲဗာတန်ကတော့ ရမှတ် ၄၁ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၁၁ မှာ ရပ်တည်နေပါတယ်။
5 years Ago
Up