မနေ့ညက ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ အာဆင်နယ်နဲ့ စပါးတို့ အသီးသီး ဂိုးပြတ်အနိုင်ရ သွားပါတယ်။
အာဆင်နယ်က အဝေးကွင်းမှာ ၀က်စ်ဟမ်းကို ၅ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားတာပါ။ ဂိုးတွေကို အိုဇေး၊ ချိန်ဘာလိန်နဲ့ ဆန်းချက်က ဟက်ထရစ်ဂိုး သွင်းယူပါတယ်။ ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုလည်း တိုက်စစ်မှူး ဆန်းချက်ကပဲ ရရှိသွားပါတယ်။
အာဆင်နယ်ဟာ ကစားထားတဲ့ ၁၃ ပွဲစလုံးမှာ ရှုံးပွဲမရှိသေးပါဘူး။ ဒီပွဲနိုင်တဲ့ အာဆင်နယ်က ၃၁ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။
တခြားပွဲစဉ်မှာတော့ စပါးအသင်းက အိမ်ကွင်းမှာ ဆွမ်ဆီးကို ၅ ဂိုးပြတ်နဲ့ အနိုင်ရ သွားပါတယ်။ အနိုင်ဂိုးတွေကို ကိန်း၊ ဆွန်နဲ့ အာရစ်ဆန်တို့က သွင်းယူပါတယ်။
ဒီပွဲနိုင်တဲ့ စပါးအသင်းက ၂၇ မှတ်နဲ့ အဆင့် ၅ မှာ ရပ်တည်နေပြီး ဆွမ်ဆီးကတော့ ၉ မှတ်နဲ့ အောက်ဆုံး အဆင့်မှာ ရှိနေပါတယ်။
4 years Ago