ဝက်စ်ဟမ်း - လီဗာပူး

February 10, 2016

ဝက်စ်ဟမ်း ၂ - ၁ လီဗာပူး (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ အက်ဖ်အေဖလား စတုတ္ထအဆင့် ပြန်ကန်ပွဲစဉ်မှာ ၀က်စ်ဟမ်းက အချိန်ပိုမိနစ်မှာ လီဗာပူးကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။ ဒီပွဲမှာ ၀က်စ်ဟမ်းအသင်း လီဗာပူးအသင်းကို ခြေရည်တူ လိုက်ကစားနိုင်ခဲ့ပြီး ထိုးဖောက် ကန်သွင်းခွင့်တွေလည်း အပြန်အလှန် ရခဲ့ပါတယ်။ ၀က်စ်ဟမ်းက ပထမပိုင်း ၄၅ မိနစ်မှာ အန်တိုနီယို သွင်းတဲ့ ဂိုးနဲ့ ဦးဆောင် ယှဉ်ပြိုင်နိုင်ခဲ့ပါတယ်။ လီဗာပူးက ဒီပွဲမှာ ဒဏ်ရာကနေ ပြန်လက်သက်သာလာတဲ့ တိုက်စစ်မှူး စတောရစ်နဲ့ ကွင်းလယ်သမား ကော်တင်ဟိုတို့ကို အသုံးပြု ယှဉ်ပြိုင်သွားပါတယ်။ ချေပဂိုးကို ၄၈ မိနစ်မှာ ကော်တင်ညိုက ဖရီးကစ်ကို မြေလိမ့်ဘောနဲ့ ကန်သွင်းယူပါတယ်။ မိနစ် ၉၀ အထိ ၁ ဂိုးစီ သရေကျလို့ အချိန်ပိုအထိ ဆက်ခဲ့ရပါတယ်။ အချိန်ပို ဒုတိယပိုင်း မှာ ၀က်စ်ဟမ်းအတွက် အနိုင်ဂိုးကို ဖရီးကစ် ကနေတဆင့် နောက်ခံလူ အော့ဘွန်နာက ခေါင်းတိုက်သွင်းယူပြီး အနိုင်ယူသွားပါတယ်။ ဒီပွဲနိုင်လို့ ၀က်စ်ဟမ်းအသင်းဟာ အက်ဖ်အေဖလား ပဥမအဆင့်မှာ ချန်ပီယံရှစ်တန်းက ဘလက်ဘန်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
6 years Ago
Up