ဝက်စ်ဘရောင်း

March 8, 2015

အက်စတွန်ဗီလာ အက်ဖ်အေ ဖလား ဆီမီးတက်

ဖေဖော်ဝါရီ ၈ ရက်မှာ ယှဉ်ပြိုင်သွားတဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်မှာ အက်စတွန်ဗီလာက ၀က်စ်ဘရောင်းကို ၂ ဂိုးပြတ်နဲ့ နိုင်ပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။ အက်စတွန်ဗီလာအတွက် ၂၀၁၀ နောက်ပို်င်းမှာ ပထမဆုံးအကြိမ် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ကို ပထမဆုံး တက်ရောက်နိုင်တာပါ။ ဒီပွဲဟာ အကြိတ်အနယ် ရှိခဲ့လို့ ဗီလာနဲ့ ၀က်စ်ဘရောင်းက ကစားသမားတဦးစီ အနီကဒ်နဲ့ အထုတ်ခံခဲ့ရ ပါတယ်။ ပွဲပြီးကာနီးမှာ အိမ်ရှင် ဗီလာ ပရိတ်သတ်တွေ ကွင်းထဲမှာ ၀င်ရောက်အောင်ပွဲခံတာတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီအတွက် ဗီလာအသင်းက အက်ဖ်နဲ့ ၀က်စ်ဘရောင်းအသင်းတွေကို တောင်းပန်ထားပါတယ်။ ဆီမီးဖိုင်နယ်ပွဲမှာ လန်ဒန်မှာရှိတဲ့ ၀င်ဘလေကွင်းမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ [gallery ids="84648,84651,84649,84647,84650"]
7 years Ago

March 4, 2015

မှားယွင်းအနီကတ်ပြခံရသည့် ၀က်စ်ဘရောင်း ပွဲပယ်ပြစ်ဒဏ် ကင်းလွတ်

မှားယွင်း အနီကတ်အပြခံခဲ့ရတဲ့ ဆန်းဒါးလန်းအသင်းက နောက်ခံလူ ၀က်စ်ဘရောင်း အတွက် အယူခံဝင်ခဲ့ရာမှာ အက်ဖ်အေက လက်ခံလိုက်ပြီး ပွဲပယ်ခံရမယ့် ပြစ်ဒဏ်ကို ပယ်ဖျက်ပေးခဲ့ပါတယ်။ မန်ယူကို ၂ ဂိုး ဂိုးမရှိဖြင့် ရှုံးခဲ့တဲ့ပွဲမှာ မန်ယူတိုက်စစ်မှူး ဖယ်ကာအိုအပေါ် အမှန် ပြစ်ဒဏ်ကျူးလွန်ခဲ့သူမှာ အိုရှီးယား ဖြစ်ပေမယ့် ကွင်းလယ်ဒိုင်က မှားယွင်းပြီး ၀က်စ်ဘရောင်းကို အနီကတ်ပြ ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။ ဆန်းဒါးလန်းနည်းပြ ပိုယက်က အခု ဆုံးဖြတ်ချက်အတွက် ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ပြီး ၀က်စ်ဘရောင်းနဲ့ အိုရှီးယားပါ ပွဲပယ်ပြစ်ဒဏ်ကနေ ကင်းလွတ်သွားခဲ့ပါတယ်။
7 years Ago

အနိုင်ကြောင့် တန်းဆင်းဇုန်က ရုန်းထွက်လာသည့် ဗီလာ

အင်္ဂလန် ပရီးမီးယားလိဂ်က အက်စတွန်ဗီလာအသင်းဟာ  နည်းပြသစ် တင် ရှာဝုဒ် လက်ထက်မှာ ပထမဆုံးအကြိမ် နိုင်ပွဲ ရသွားလို့ တန်းဆင်းဇုန်ကနေ ရုန်းထွက်လာပါတယ်။ ၂၈ ပွဲကစားအပြီး ၂၅ မှတ်နဲ့ အဆင့် ၁၇ မှာ ရပ်တည်နေသလို ၂ပွဲလျော့ကစားထားတဲ့ ကျူပီအာနဲ့ တပွဲလျော့ ဘန်လေထက် ၃ မှတ် ပြတ်နေပါတယ်။ ဗီလာဟာ ဒီနှစ်ရာသီမှာ ရလဒ်တွေ ဆိုးဝါနေပြီး တန်းဆင်းဇုန်ထဲမှာ ရုန်းကန်နေရတာပါ။ မတ် ၃ ရက်နေ့ ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အက်စတွန်ဗီလာက ၀က်စ်ဘရောင်းကို ၂ ဂိုး ၁ဂိုးနဲ့ အနိုင်ရသွားတာပါ။ ဗီလာအတွက် အနိုင်ဂိုးတွေကို အဘွန်လဟောနဲ့  ဘန်တီကီတို့က သွင်းယူပါတယ်။ တိုက်စစ်မှူး အဘွန်လဟော အတွက်လည်း ၁၄ ပွဲတိတိ ဂိုးပေါက်ပျောက်နေတာကို ဒီပွဲမှာ အဆုံးးသတ် နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့လလယ်ပိုင်းမှာ ဗီလာကို တင် ရှာဝုဒ်က နည်းပြအဖြစ် တာဝန်ယူပြီး နောက်ပိုင်းမှာ ၁၃ ပွဲမြောက်မှာ ပထမဆုံး နိုင်ပွဲရတာ ဖြစ်ပါတယ်။ တခြားပွဲစဉ်တွေမှာတော့ ဟာလ်းနဲ့ ဆန်းဒါးလန်းတို့ တဂိုးစီသရေ၊ တော့တင်ဟမ်က ခရစ္စတယ် ပဲလေ့စ်ကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။ [gallery ids="84083,84084,84087,84086"]
7 years Ago
Up