ဖေဖော်ဝါရီ ၂၀ ရက်နေ့ ယှဉ်ပြိုင်ခဲ့တဲ့ အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် ၀က်စ်ဘရွန်းနဲ့ ပထမတန်းက ရီဒင်းအသင်းတို့ရဲ့ အက်ဖ်အေဖလားပြိုင်ပွဲမှာ ၀က်စ်ဘရွန်း ကစားသမားကို အကြွေစေ့နဲ့ ပစ်ပေါက်ခဲ့တဲ့ ပရိသတ်ကို ဖမ်းဆီးလိုက်ပါတယ်။
အားပေးတဲ့ ပရိသတ်ကို ဘောလုံးကန်အင်္ကျီပေးဖို့ သွားရောက်တဲ့ ၀က်စ်ဘရွန်း အလယ်တန်း ကစားသမား ခရစ္စဘရန့်ကို ပရိသတ်က ပစ်ပေါက်ခဲ့ပြီး နောက်ပိုင်း ရဲတွေက စုံစမ်းခဲ့တာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၂၃ ရက်မှာ အမျိုးသားတဦးကို ဖမ်းဆီးလိုက်တာလို့ ရဲတွေက ပြောပါတယ်။ ဒီလို ပစ်ပေါက်ခံရတဲ့အတွက် ရှက်ရွံ့မိတယ်လို့ ဘရန့်က ပြောပါတယ်။
ကျူးလွန်တဲ့ လက်သည်ကို အပြင်းထန်ဆုံး ပြစ်ဒဏ်ချမှတ်မယ်လို့ ၀က်စ်ဘရွန်းက ပြောပါတယ်။
ဒီပွဲမှာ ၀က်စ်ဘရွန်းက ရီဒင်းကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
5 years Ago