ဝက်စ်ဘရွန်းကို အနိုင်ယူပြီး ချဲလ်ဆီး အမှတ်ပေးဇယားထိပ်တွင် ဆက်လက်ရပ်တည်

December 12, 2016

ဝက်စ်ဘရွန်းကို အနိုင်ယူပြီး ချဲလ်ဆီး အမှတ်ပေးဇယားထိပ်တွင် ဆက်လက်ရပ်တည် (ရုပ်သံဟိုက်လိုက်)

ပရီးမီးယားလိဂ်ပွဲစဉ် ၁၅ အဖြစ် ချဲလ်ဆီးနဲ့ ၀က်စ်ဘရွန်းတို့ ဒီဇင်ဘာ ၁၁ ရက်ညက ယှဉ်ပြိုင်ရာ ချဲလ်ဆီးက တဂိုးတည်းနဲ့ ကပ်ပြီး အနိုင်ရသွားပါတယ်။ ချဲလ်ဆီးအတွက် အနိုင်ဂိုးကို ၇၆ မိနစ်ကျမှ တိုက်စစ်မှူး ကော်စတာက တဘက်နောက်တန်းလူရဲ့ အမှားကနေ သွင်းယူပါတယ်။ ဒီပွဲမှာ ၀က်စ်ဘရွန်းအသင်းဟာ ချဲလ်ဆီးရဲ့တိုက်စစ်ကို တောင့်ခံကစားနိုင်လို့ ဂိုးပြတ်နဲ့မရှုံးတာ ဖြစ်ပါတယ်။ ဒီပွဲရဲ့ အကောင်းဆုံးကစားသမားဆုကို ၀က်စ်ဘရွန်း နောက်တန်းကစားသမား ဂျွန်နီ အီဗန်က ရရှိသွားပါတယ်။ ၀က်စ်ဘရွန်းနည်းပြ တိုနီ ပူလစ်ကတော့ အမှားတခုကနေ အခွင့်အရေး ပေးလိုက်ရတယ်လို့ ပွဲအပြီးမှာ ပြောပါတယ်။ ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်မှာ ၉ ပွဲမြောက် ဆက်တိုက်အနိုင်ရတာ ဖြစ်ပါတယ်။ ဒီပွဲနိုင်တဲ့ ချဲလ်ဆီးက ၃၇ မှတ်နဲ့ အမှတ်ပေးဇယားထိပ်မှာ ရပ်တည်နေပြီး ၀က်စ်ဘရွန်းကတော့ အမှတ် ၂၀ နဲ့ အဆင့် ၈ မှာ ရှိနေပါတယ်။
5 years Ago
Up