ဝက်စ်ဘရွန်းကိုရှုံးပြီး မန်ယူ ထိပ်ဆုံး ၄ သင်းဝင်ရေး မျှော်လင့်ချက် ထိခိုက်

A d v e r t i s e m e n t With Us

March 7, 2016

ဝက်စ်ဘရွန်းကိုရှုံးပြီး မန်ယူ ထိပ်ဆုံး ၄ သင်းဝင်ရေး မျှော်လင့်ချက် ထိခိုက် (ရုပ်သံဟိုက်လိုက်)

ဝက်စ်ဘရွန်းအသင်းကို ရှုံးတာဟာ ထိပ်ဆုံး ၄ သင်း စာရင်းဝင်ရေး မျှော်လင့်ချက်ကို အကြီးအကျယ် ထိခိုက်စေတယ်လို့ မန်ယူနည်းပြ လူးဝစ် ဗန်ဂါးက ပြောဆိုလိုက်ပါတယ်။ မတ်လ ၆ ရက်ည ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ယူဟာ ၀က်စ်ဘရွန်းကို အဝေးကွင်းမှာ ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးသွားတဲ့အတွက် နည်းပြ ဗန်ဂါးက အခုလို ပြောဆိုလိုက်တာပါ။ မန်ယူဟာ အဲဒီပွဲမှာ ပထမပိုင်း ၂၆ မိနစ်မှာတင် ကွင်းလယ်ကစားသမား မာတာ ၂ ၀ါ ၁ နီနဲ့ အထုတ်ခံရပြီး စောစောစီးစီး တယောက်လျော့နဲ့ ယှဉ်ပြိုင်သွားရပါတယ်။ ၀က်စ်ဘရွန်းကတော့ အိမ်ကွင်းမှာ ၃၂ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မန်ယူကို အနိုင်ရသွားတာဖြစ်ပြီး အနိုင်ဂိုးကို ၆၆ မိနစ်မှာ သွင်းယူပါတယ်။ မန်ယူဟာ ဒီပွဲမှာ တယောက်လျော့နဲ့ ကစားရပေမယ့်လည်း ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်သလို အပြန်အလှန် ထိုးဖောက် ကစားနိုင်ခဲ့ပါတယ်။ ဒီပွဲရှုံးလို့ မန်ယူက ၄၇ မှတ်နဲ့ အဆင့် ၆ ကို လျော့ကျသွားပြီး အဆင့် ၄ နေရာက မန်စီးတီးနဲ့ ၃ မှတ်အကွာကို ရောက်ရှိသွားပါတယ်။ ၀က်စ်ဘရွန်းကတော့ ၃၉ မှတ်နဲ့ အဆင့် ၁၁ မှာ ရှိနေပါတယ်။
5 years Ago
Up