ဝက်

A d v e r t i s e m e n t With Us

February 20, 2017

မျက်လုံး ၁ နှင့် နှာမောင်းပါသည့် ဝက်ကလေး ဂန့်ဂေါတွင် မွေးဖွား

  မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် ကျွန်းခုံသာရွာနေ ဒေါ်ပုတင်နေအိမ်မှာ ဒီနေ့ မနက် ၈ နာရီက ဝက်မကြီးမှ ဝက်သားပေါက် ၆ ကောင်မွေးရာ ၄ ကောင်မြှောက် ဝက်ကလေးမှာထူးဆန်းစွာမွေးပြီး  မွေးပြီပြီးချင်းခဏ အသက်ရှင်ပြီးသေဆုံးသွားခဲ့ပါတယ်။ သေဆုံးသွားတဲ့ ဝက်သားပေါက်ကလေးမှာ မျက်လုံးတလုံးထဲပါရှိပြီး၊ မျက်လုံးအပေါ်တွင် နှာမောင်းငယ်လေးတခုလည်း ပါရှိပါတယ်။ အဲ့ဒီ ၀က်အသေကောင်လေးကို အနီးအနားရွာတွေက လာရောက်ကြည့်ကြသူတွေရှိပြီး၊ မွန်းလွဲပိုင်းမှာ မြေမြုပ်ခဲ့တယ်လို့ အိမ်ရှင်က ပြောပါတယ်။ သတင်း၊ ဓာတ်ပုံ - ယာသားလေး၊ သန်းဝင်းနိုင်(ဂန့်ဂေါ)  
4 years Ago

September 22, 2015

ဝက်ကြောင့် မီဒီယာတွင် ရေပန်းစားနေသည့် ဗြိတိန်ဝန်ကြီးချုပ်

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန် ကျောင်းသားဘ၀က ၀က်သေတကောင်နဲ့ မတော်တရော် လုပ်ခဲ့တဲ့ ဖြစ်ရပ်တွေကို ဗြိတိန် သတင်းစာတွေက ဖွင့်ချနေပါတယ်။ အောက်စ်ဖို့ဒ်ကျောင်းမှာ တက်ရောက်စဉ် ညပါတီတခုမှာ ကင်မရွန်က ၀က်သေရဲ့ ပါးစပ်ထဲကို သူ့ရဲ့ငယ်ပါကို ထည့်ခဲ့တယ်ဆိုပြီး “Call Me Dave” ဆိုတဲ့ ဒေးလီးမေးလ် အခန်းဆက်စာအုပ်မှာ ကွန်ဆာဗေးတစ် ဒု-ဥက္ကဋ္ဌ မိုက်ကယ် အက်စ်ကပ်က ရေးသားခဲ့ပြီးနောက် အခုလို ဖွင့်ချလာတာ ဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ခဲ့တဲ့ ဖြစ်ရပ်အပေါ် ရိုက်ကူးထားတဲ့ ဓာတ်ပုံကိုပါ တွေ့ခဲ့ရတယ်လို့လည်း သူက ဆိုပါတယ်။ ဒီလိုရေးသားခဲ့ပြီးတဲ့နောက်မှာတော့ ဒီသတင်းဟာ အင်တာနက်မှာ ညံစီသွားပါတယ်။ ၀န်ကြီးချုပ် ပြောခွင့်ရကတော့ ဒီစာအုပ်အပေါ် တစုံတရာ မှတ်ချက်ပေး ပြောဖို့နဲ့ စာရေးသူကို တရားစွဲဖို့ ဆိုတာတွေနဲ့ ပတ်သက်ပြီး ပြောဆိုဖို့ ငြင်းဆန်ပါတယ်။ “စာအုပ်ရေးရတဲ့ အကြောင်းပြချက် တခုတော့ ရှိပါတယ်၊ ၀န်ကြီးချုပ်ကတော့ တိုင်းပြည် လည်ပတ်ဖို့ကို ပိုအာရုံစိုက်နေပါတယ်” လို့ သူက ပြောပါတယ်။ ဒါ့အပြင် တက္ကသိုလ်မှာ ၀န်ကြီးချုပ်ရဲ့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ပါဝင် ပတ်သက်မှုတွေ၊ ကြောင်တောင်တောင် ညစာစားပွဲတွေ အကြောင်းကိုလည်း ရေးသားခဲ့ပါတယ်။ ဒီစာအုပ်ကို သတင်းထောက် အစ္စဘယ်လ် အိုကီရှေ့ကလည်း ပူးတွဲရေးသားခဲ့တာ ဖြစ်ပါတယ်။
5 years Ago
Up