ြပြန်ရရေး

October 20, 2019

ဘားအံမြို့တွင် သိမ်းဆည်းလယ်မြေ ပြန်ရရေး ထိုင်သပိတ် ဆန္ဒပြ

ကရင်ပြည်နယ် ဘားအံ အကျဉ်းဉီးစီးဌာနက သိမ်းဆည်းခဲ့တဲ့ လယ်ယာမြေတွေ ပြန်လည်လုပ်ကိုင်ခွင့်ရရေးအတွက် လယ်သမားတွေ ထိုင်သပိတ်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ကရင်ပြည်နယ်၊ ဘားအံမြို့၊ ကိုကလယ်ကျောင်းမုဒ်ဝ၊ သိမ်းဆည်းခံလယ်မြေတွေအနီးမှာ အောက်တိုဘာ ၁၉ ရက် မနက်ပိုင်းက သိမ်းဆည်းခံလယ်သမားတွေနဲ့ ဝိုင်းရံသူ ၃၀ က ထိုင်သပိတ် ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ က ဘားအံအကျဉ်းဉီးစီးဌာနက ဒေသခံလယ်သမား ၁၆ ယောက်ရဲ့ လယ်မြေ ၆၈ ဧကကို သိမ်းဆည်းခဲ့တာဖြစ်ပြီး သိမ်းဆည်းခံလယ်သမားတွေက အစိုးရအဆက်ဆက် တင်ပြတောင်းခံခဲ့ပေမယ့် ဒီကနေ့ထိ ပြန်လည်မရှိသေးဘူးလို့ အခုလို ဆန္ဒထုတ်ဖော်ရတာလို့ ဉီးဆောင်သူ ဉီးစောမောင်ကြီးက ပြောပါတယ်။ ဘားအံမြို့နယ်၊ မုက္ကဒိကျေးရွာ၊ ဒေါ်မြသွင်က “အဘိုးနဲ့ အဘွားကလည်း အသက်လည်း ကြီးပြီ။ နေဝင်ချိန်လည်းရောက်ပြီဆိုတော့ တနေရာပေးဖို့ သင့်တယ်။ အဘွားလယ်ကို မပေးလို့ မကျေနပ်ဘူးလို့ မပြောပါဘူး။ ယူပါ ရပါတယ်။ အဘွားတို့ကို အသက်ကြီးတဲ့အတွက် ပြန်ပြီးတော့ ငဲ့ညှာသင့်တယ်။ အဘွားတို့ တော်တော်ခံစားနေရတယ်”လို့ ပြောပါတယ်။ ဘားအံမြို့နယ်၊ ကမောကစင်ကျေးရွာ၊ ဦးစောအဘိမ်းက “အခက်အခဲ ရှိတာပေါ့။ ဟိုမှာ သိမ်း၊ မြောက်ဘက်ကလည်း သိမ်း၊ ငါတို့ ဘယ်မှာ လယ်ရှိတော့မလဲ။ အခု အဘွားကြီးတွေ ငိုတာလက်ကုန်ပဲ မဟုတ်လား။ လယ်ပြန်လုပ်ချင်တယ်။ ငါ မခံနိုင်လို့ အခုထလာတာ” လို့ ပြောပါတယ်။ ဆန္ဒထုတ်ဖော်ရာမှာ တောင်ကလေးအကျဉ်းဦးစီးဌာနမှ သိမ်းဆည်းမြေပြန်လည် လုပ်ကိုင်ခွင့်ရရှိရေး၊ သမ္မတ၏ ညွှန်ကြားချက်အတိုင်း လိုက်ပါဆောင်ရွက်ပေးရေး စတဲ့ ဗွီနိုင်းပိုစတာတွေကို ကိုင်ဆောင်ကာ တောင်ကလေးအကျဉ်းဉီးစီးဌာနက သိမ်းဆည်းထားတဲ့ လယ်စိုက်ခင်းတွေရှေ့မှာ ကြွေးကြော်သံတွေနဲ့ ထိုင်သပိတ်ပြုလုပ် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ စက်တင်ဘာ ၂၀ ရက် မနက်ပိုင်းက သိမ်းဆည်းခံလယ်သမားတွေက ဗိုလ်ချုပ်ကျောက်တိုင်ကွင်းအရှေ့ကနေ ကမ်းနားလမ်းအတိုင်း တောင်ကလေးအကျဉ်းဦးစီးဌာနက သိမ်းဆည်းထားတဲ့ လယ်စိုက်ခင်းတွေရှေ့အထိ ကြွေးကြော်သံတွေနဲ့ စီးတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ရဲမင်းခေါင်
2 years Ago
Up