ကရင်ပြည်နယ် မြဝတီမြို့က နေအိမ်နှစ်လုံးမှာ ဘိန်းစိမ်းထုတ်တွေ ဖေဖော်ဝါရီ ၂၇ ရက်နေ့က မြ၀တီရဲတပ်ဖွဲ့က ဖမ်းဆီးရမိပါတယ်။
ဘိန်းစိမ်းရောင်းဝယ်ရေး သတင်းထွက်ပေါ်တဲ့အတွက် မြဝတီရဲတပ်ဖွဲ့က အမှတ် ၄ ရပ်ကွက်နေအိမ်တလုံးကို ဝင်ရောက်ရှာဖွေရာ ကိုမုံဒိုင်း ဆိုသူကို ဘိန်းစိမ်းထုတ် ၁ ကီလိုနဲ့အတူ ဖမ်းဆီးရမိပါတယ်။
ဒီနောက် ကွင်းဆက်အရ မြဝတီမြို့ အမှတ် ၅ ရပ်ကွက်အငှားအိမ်တလုံးကို ရှာဖွေရာ ဆိုင်းအိုက်စန်းဆိုသူနဲ့အတူ ဘိန်းစိမ်းထုတ် ၆ ကီလိုကို ဖမ်းဆီးရမိခဲ့ပါတယ်။
ဆိုင်းအိုက်စန်းဟာ ဘိန်းမည်းတွေကို ပန်ဆန်း၊ လာရှိုး ဘက်ကနေ ယူလာပြီး မြဝတီကို တင်ပို့ရောင်းချနေသူ ဖြစ်တယ်လို့ သိရပါတယ်။
5 years Ago