မြူနှင်း

September 29, 2018

တရုတ်တွင် မြူနှင်းကြောင့် လေကြောင်းခရီးစဉ် ၂ဝ ကျော် နှောင့်နှေး

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းနဲ့ မြောက်ပိုင်းက မြို့တွေမှာ မြူတွေ အကြီးအကျယ်ရစ်သိုင်းနေလို့ အဝေးပြေး ယာဉ်ကြောတွေနဲ့ လေကြောင်းခရီးစဉ်တွေ နှောင့်နှေးခဲ့ရပါတယ်။ တရုတ်မြောက်ပိုင်းက ပေကျင်၊ တီယန်ကျင့်၊ ဟော်ဘေး၊ အနောက်မြောက်ပိုင်းက ရှန်းရှီးနဲ့ ကန်စု မြို့တွေမှာ အမျိုးသား မိုးလေဝသဌာနက ဒုတိယအဆင့်ဖြစ်တဲ့ အဝါရောင်အဆင့် တပ်လှန့်ထားပါတယ်။ မနက်ပိုင်းမှာ တီယန်ကျင့်မြို့ စည်ပင် နယ်နိမိတ်အတွင်း အဝေးပြေးလမ်းအားလုံးကို ပိတ်ထားရပါတယ်။ လမ်းဆုံတွေမှာ ဒေသခံ ယာဉ်ထိန်းရဲတွေကိုလည်း တာဝန်ချထားရပါတယ်။ လေကြောင်းခရီးစဉ် ၂ဝ ကျော် ခရီးစဉ် နှောင့်နှေးခဲ့တာပါ။ တရုတ်မြို့တော် ပေကျင်းမှာ မြူထူတွေ အကြီးအကျယ်ကျနေလို့ တချို့နေရာတွေမှာ မြင်နိုင်စွမ်းက မီတာ ၅ဝဝ အောက်ကို ကျဆင်းခဲ့ပြီး လမ်းတချို့ ပိတ်ထားခဲ့ရပါတယ်။ ဟော်ဘေး ပြည်နယ်အတွင်း တချို့ အဝေးပြေးလမ်းတွေ ပိတ်ထားရလို့ ကားတွေ အကြီးအကျယ် သောင်တင်နေခဲ့ပါတယ်။
5 years Ago

November 7, 2016

မြူနှင်းများ ထူထူထပ်ထပ်ကျပြီး တရုတ်အရှေ့ပိုင်းပြည်နယ်တွင် အဝေးပြေးကားလမ်း ပိတ်

တရုတ်နိုင်ငံ အရှေ့ပိုင်းပြည်နယ်တခုဖြစ်တဲ့ ကျန်းစုပြည်နယ်မှာ နိုဝင်ဘာ ၆ ရက်နေ့ မနက်ပိုင်းက မြူနှင်းတွေ ထူထူထပ်ထပ် ကျရောက်ခဲ့ပြီး အဝေးပြေးကားလမ်းတွေနဲ့ ရေကြောင်းလမ်းတွေ ပိတ်ခဲ့ရပါတယ်။ မြူတွေနဲ့ မီးခိုးတွေ ရောပြီး မီတာ ၂၀၀၊ တချို့နေရာတွေမှာ မီတာ ၁၀၀ အထိ ရှေ့မြင်ကွင်းကို သဲသဲကွဲကွဲ မမြင်ရတော့ပါဘူး။ ဒါကြောင့် ဟွင်းန်အန်းမြို့မှာ ဘေကျင်း-ရှန်ဟိုင်း အဝေးပြေးလမ်း အ၀င်လမ်းကို ပိတ်ခဲ့ရတဲ့အတွက် ကားအများအပြား ပိတ်ဆို့ခဲ့ပါတယ်။ ဘေကျင်း-ဟန်ကျိုး တူးမြောင်းကြီးရဲ့ စုချင်းမြို့အပိုင်းကို ပိတ်ဆို့ခဲ့လို့ တူးမြောင်းအတွင်း သွားလာကြတဲ့ သင်္ဘောအစီး ၁၀၀ လောက် ခရီးစဉ်တွေ ရပ်ဆိုင်းခဲ့ရပါတယ်။ ကျန်းစုပြည်နယ်မှာ လာမယ့် ၂ ရက်အတွင်း အပူချိန်ကျဆင်းပြီး လေပြင်းတိုက်ခတ်ကာ မိုးရွာနိုင်ခြေရှိလို့ ဒီမြူနှင်းတွေ ကင်းစင်သွားနိုင်တယ်လို့ ဒေသခံ မိုးလေ၀သဌာနက ခန့်မှန်းထားပါတယ်။
6 years Ago
Up