မြူထူထပ်မှုကြောင့် မြောက်ကိုရီးယားတွင် နှစ်သစ်ကြိုမည့်အစီအစဉ် ရွှေ့ဆိုင်း

January 1, 2016

မြူထူထပ်မှုကြောင့် မြောက်ကိုရီးယားတွင် နှစ်သစ်ကြိုမည့်အစီအစဉ် ရွှေ့ဆိုင်း

မြောက်ကိုရီးယားနိုင်ငံ မြို့တော် ပြုံယမ်းမှာ မမျှော်လင့်ဘဲ မြူတွေ ထူထပ်ကျဆင်းနေတာကြောင့် နှစ်သစ်ကို မီးရှူးမီးပန်းဖောက်ပြီး ကြိုဆိုမယ့် အစီအစဉ်ကို ရွှေ့ဆိုင်းထားရပါတယ်။ နှစ်တိုင်း ကျင်းပနေကြတဲ့အတိုင်း ပျော်ပွဲရွှင်ပွဲ အစီအစဉ်ကို ကင်အီဆွန်းရင်ပြင်မှာ ပြုလုပ်ဖို့ စီစဉ်ထားတာပါ။ ဒါပေမယ့် မြူတွေ ထူထူထပ်ထပ် ကျဆင်းနေတာ မီတာ ၃၀ ၀န်းကျင်လောက်ပဲ မြင်ရတဲ့အတွက် ဇန်န၀ါရီ ၁ ရက် ည ၉ နာရီအချိန်မှာ ပြောင်းလဲကျင်းပဖို့ ရွှေ့ဆိုင်းထားရပါတယ်။ မီးရှူးမီးပန်းတွေ ပစ်လွှတ်ခွင့် မရပေမယ့်လည်း ပြုံယမ်း မြို့သားတွေဟာ စကိတ်စီးသူစီး၊ ကခုန်သူတွေနဲ့ စည်ကားနေပါတယ်။ မြောက်ကိုရီးယားမှာ နှစ်သစ်ကူးရက်ကို ၃ ရက် သတ်မှတ်ထားပါတယ်။ ၂၀၁၆ ခုနှစ်ဟာ မြောက်ကိုရီးယား စံတော်ချိန်ကို နာရီဝက် နောက်ဆုတ်လိုက်ပြီးနောက် ပထမဆုံး နှစ်သစ်လည်း ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အပြီးမှ ဂျပန်လက်အောက်ကနေ မြောက်ကိုရီးယားနိုင်ငံ လွတ်မြောက်ခြင်း အထိမ်းအမှတ်အဖြစ် စံတော်ချိန်သစ်ကို ပြောင်းလဲထားပါတယ်။
6 years Ago
Up