မြဝတီမြို့တွင် ပေါက်ကွဲမှုဖြစ်ပွား

March 21, 2017

မြဝတီမြို့တွင် ပေါက်ကွဲမှုဖြစ်ပွား

ကရင်ပြည်နယ် မြဝတီမြို့မှာ မနေ့ညသန်းခေါင် ၁၂ နာရီလောက်က ဒေသန္တရ လက်လုပ်မိုင်း ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ပြီး လူတွေတော့ ထိခိုက်ဒဏ်ရာရမှုမရှိကြောင်း မြဝတီရဲစခန်းက ထုတ်ပြန်ပါတယ်။ မြဝတီမြို့ အမှတ် ၄ ရပ်ကွက်၊ သမာဓိလမ်း၊ မွန်ကျောင်းဘေး အုတ်နံရံနားမှာ မနေ့ည ၁၁ နာရီ ၅၉ မိနစ်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာလို့ မြို့မရဲစခန်းကနေ သိရပါတယ်။ အဲဒီပေါက်ကွဲမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး စီစီတီဗွီမှတ်တမ်းအရ ဆိုင်ကယ်စီးလာသူ ၂ ဦးက  ဖောက်ခွဲခဲ့တာဖြစ်ကြောင်းနဲ့ ဖောက်ခွဲသူ ၂ ဦးကို ဖမ်းဆီးရရေး ပိတ်ဆို့ရှာဖွေမှုတွေ လုပ်ဆောင်နေတယ်လို့ မြဝတီမြို့မရဲစခန်းက ထုတ်ပြန်ထားပါတယ်။
5 years Ago
Up