မြနန္ဒာဈေး

August 10, 2018

မန္တလေး မြနန္ဒာ​ဈေးအတွင်း ရေကြီးနေသဖြင့် ဈေးဆိုင်​ခန်းအချို့ ပိတ်​သိမ်းထားရ

မန္တလေး စည်​ပင်​သာယာ​ရေး​ကော်​မတီ​ဈေးနဲ့ သားသတ်​ဌာနက ဖွင့်လှစ်​ထားတဲ့​ မြနန္ဒာ​ဈေးမှာ သြဂုတ်​ ၉ ရက်​​ ညက အဆက်​မပြတ်​ မိုးသည်းထန်​စွာ ရွာသွန်းခဲ့လို့ ရေကြီး ရေလျှံ ဖြစ်နေပြီး ဈေးဆိုင်​ခန်းတချို့ ပိတ်​သိမ်းထားရပါတယ်​။ ကုန်​စိမ်း​ရောင်းချသူ ​ဒေါ်စိန်​ဥက “ကျမ ဒီ​ဈေးမှာ ရောင်းလာတာ ၆ နှစ်​​ကျော်​ပြီ။ တံတားဦးဘက်​က လာ​ရောင်း​တာပါ။ ​ပေါ်ပင်​သီးနှံတွေ​ အမြဲလာ​ရောင်းတယ်​။ မိုးရာသီ​ရောက်​တိုင်း ကျမတို့ ဈေးသည်​​တွေ အရမ်းကို ဒုက္ခ​ရောက်​ကြရတယ်​။ ​ဈေး​ကောက်​ကျ မပျက်​ဘူး။ လာပြီး​ ကောက်​တယ်။ မိုးရွာရင် ​မိုး​ရေ​တွေက ဒူး​ခေါင်း​တောင်​ ​ကျော်​တယ်​။ ဘယ်​လိုလုပ်​ ​ရောင်းလို့ရမလဲ။ ​ရေထဲကို ဘယ်သူက ဆင်းပြီး ဝယ်​​တော့မှာလဲ။ မိုးကြီးပြီဆိုတိုင်း ​ဈေးက​ ရေမြုပ်​​နေတာ သက်​ဆိုင်​ရာက လူကြီး​တွေ ​လာကြည့်ပြီး ပြုပြင်​​စေချင်​တယ်​” လို့ ပြောပါတယ်​။ သြဂုတ်​ ၉ ရက်​​က ညလုံး​ပေါက်​ မိုးသည်းထန်စွာ ရွာခဲ့တာ​ကြောင့် ချမ်းမြသာစည်​မြို့်​နယ်​ထဲက ​ဈေး​တွေ၊ ကျောင်း​တွေ၊ လူ​နေရပ်​ကွက်​တွေနဲ့ ရပ်​ကွက်​အုပ်​ချုပ်​​ရေးမှူးရုံး​တွေလည်း ​ရေကြီး နစ်မြုပ်နေပါတယ်။
3 years Ago
Up