မြန်​​အောင်

June 8, 2018

မြန်​​အောင်​တွင် ဆင်​စွယ်​အပါအဝင် ​တောရိုင်းတိရစ္ဆာန်​ အစိတ်အပိုင်းများ ဖမ်းမိ

ဧရာဝတီတိုင်း​၊ မြန်​​အောင်​​မြို့နယ်၊ ဘန့်​​ဘွေးကုန်း​ကျေးရွာမှာ ​ဆင်​စွယ်​တခုအပါအဝင်​ ​တောရိုင်းတိရစ္ဆာန်​ရဲ့ ချိုတွေ၊ အရိုးစု​တွေ၊ သ​ရေ​တွေကို ​ဇွန်​ ၇ ရက်​​ ည​နေက ဖမ်းဆီးရမိခဲ့တယ်လို့ အင်ပင်နယ်မြေ စခန်းမှူးက ပြောပါတယ်။ ဧရာဝတီတိုင်း​ရဲတပ်​ဖွဲ့မှူးရုံး၊ မှုခင်းအကူ​ဌာနစု ဟသာင်္တခရိုင်​မှုခင်း အကူဌာနစိတ်​ သစ်​​တောရဲ၊ သစ်​​တောဦး​ဌာနနဲ့​ ကျေးရွာအုပ်​ချုပ်​​ရေးမှူးတို့က ပူ​ပေါင်းဖမ်းဆီးရှာ​ဖွေခဲ့ကြတာပါ။ အင်​ပင်​နယ်​​မြေ ရဲတပ်​ဖွဲ့စခန်းမှ စခန်းမှူး ရဲအုပ်​ဟန်​​ဇော်​ထွန်းက“သတင်းအရ ဘန့်​​ဘွေးကုန်း​ကျေးရွာထဲက ဦးသိန်း​ဇော် ​(ခ) ဦး​ကျော်​​ရွှေ​ နေအိမ်​ကို ဝင်​​ရောက်​ရှာ​ဖွေ့တယ်​ဗျ။ နေအိမ်​မီးဖို​ဆောင်​ရဲ့ ထပ်​ခို​ပေါ်မှာ ခုပစ္စည်း​တွေကို ဖမ်းဆီးရမိတာပါ။ ခုဆက်​စပ်​ရဲလုပ်​ငန်း​တွေ လုပ်​ကိုင်​​နေပါတယ်​” လို့ ​ပြောပါတယ်​။ ဖမ်းဆီးရမိတာ​တွေက​တော့ ဆင်​စွယ်​တစုံ အရှည်​ ၁၈ လက်​မ၊ လုံးပတ်​ ၆ လက်​မ၊ အ​လေးချိန်​ ၈၈ ကျပ်​သား၊ ကာလတန်းဖိုးခန့်​မှန်း ၂၅ သိန်းလောက်နဲ့ ​ပြောင်​​ခေါင်းချိုစုံပါ ၃၆​ ခေါင်း၊ စိုင်​​ခေါင်းချိုစုံပါ ၃ ​ခေါင်း၊ ဆတ်​​ခေါင်းချိုစုံပါ ၇ ​ခေါင်း၊ သမင်​​ခေါင်းချိုစုံ ၁​ ခေါင်း၊ ​ကျားဝက်​အရိုးစုံ ၂ စုံ​၊ တောင်​ဆိတ်​ချိုစုံပါ ၂​ ခေါင်း၊ ဝံ​ခေါင်း ၂ ​ခေါင်း၊ ဝက်​ဝံသား​ရေ ၁ ချပ်​၊ ​ပြောင်​သည်း​ခြေ ၂ ခု၊ ​ပြောင်​ချို ၆​ ချောင်း၊ ကျားဝက်​သား​ရေ ၁ ချပ်​၊ ဖြူအသားအိမ် ​၁ ခု​၊ တောင်​ဆိတ်​ခွာ ၃ ခု၊ ဒိုင်းပုံစံ ကျွန်းပြား အလျား ၁​ ပေခွဲ၊ အနံ ၁​ ပေ၊ ထု ၁ လက်​မ ၃၂ ချပ်​တို့ ဖြစ်ပါတယ်။ အင်​ပင်​ဘိနယ်​သစ်​​တောဌာန ​တောအုပ် ​ဦး​အောင်​ခိုင်​က "ကျ​နော်​တို့က ခုပစ္စည်း​တွေကို အင်​ပင်​ရဲစခန်းမှာ အပ်​ထားတယ်​။ ခုကျ​နော်​တို့ သစ်​​တောဘက်​ကလည်း ဆက်​စပ်​လုပ်​ငန်း​တွေ လုပ်​ကိုင်​​နေတယ်၊ ​ပစ္စည်း​တွေ ကာလတန်းဖိုးက​တော့​ မေးမြန်းစုံစမ်းရဦးမယ်။ ​အတိအကျ​တော့ မသိရ​သေးဘူး​” လို့ ပြောပါတယ်​။ ခုဖြစ်​စဉ်​ကို တိုင်းရဲတပ်​ဖွဲ့မှူးရုံး မှုခင်း အကူဌာနစိတ်​က ရဲအုပ်​​နေဝင်း​အောင်​က တရားလိုလုပ်​ပြီး အင်​ပင်​ရဲတပ်​ဖွဲ့စခန်းက ဦးသိန်း​ဇော်​(ခ)ဦး​ကျော်​​ရွှေကို ဇီဝမျိုးစုံမျိုးကွဲနဲ့ သဘာဝထိန်းသိမ်း​ရေး နယ်​​မြေများ ကာကွယ်​​စောင့်ရှောက်​ခြင်းဆိုင်​ရာ ဥပ​ဒေပုဒ်​မ ၄၀(က) နဲ့ အမှုဖွင့်အ​ရေးယူ​ထားပါတယ်။
3 years Ago
Up