မြန်​မာ​ရှေ့​နေများ ဖဲကြိုးဝါလှုပ်​ရှားမှု နိုင်​ငံတကာ​ရှေ့​နေများ ​ထောက်​ခံ

A d v e r t i s e m e n t With Us

September 26, 2015

မြန်​မာ​ရှေ့​နေများ ဖဲကြိုးဝါလှုပ်​ရှားမှု နိုင်​ငံတကာ​ရှေ့​နေများ ​ထောက်​ခံ

တရား​ရေးကဏ္ဍမှာ စစ်​ဘက်​အရာရှိ​တွေက ရာထူးကြီး​တွေနဲ့ ​ရောက်​လာတာကို ကန့်​ကွက်​တဲ့ ဖဲကြိုးဝါ လှုပ်​ရှားမှုကို နိုင်​ငံတကာ​ရှေ့​နေ​တွေက ​ထောက်​ခံလိုက်​ပါတယ်​။ ဖိလစ်​ဖိုင်​နိုင်​ငံ၊ စီဘူးမြို့မှာ မြန်​မာ​ရှေ့​နေ​တွေ ပါဝင်​တက်​​ရောက်​​ပြီး ဒီ​နေ့ကျင်းပ​​နေတဲ့ ​ဒေသတွင်း အလုပ်​ရုံ​ဆွေး​နွေးပွဲမှာ  ဖဲကြိုးဝါလှုပ်​ရှားမှုအ​ကြောင်း စာတမ်းဖတ်​ခဲ့ပါတယ်​။ ​ဆွေး​နွေးပွဲကို တက်​​ရောက်​လာတဲ့ အ​မေရိကန်​၊ အင်္ဂလန်​၊ ထိုင်း၊ မ​လေးရှား၊ အင်​ဒိုနီးရှား စတဲ့နိုင်​ငံ​တွေက ​ရှေ့နေ​တွေကလည်း ဖဲကြိုးဝါ​တွေ တပ်​ဆင်​ပြီး​ထောက်​ခံခဲ့ကြတာပါ။ မြန်​မာနိုင်​ငံရဲ့ ကျန်းမာ​ရေးဌာနကို စစ်​ဘက်​အရာရှိ​တွေ ခန့်​အပ်​လာတဲ့အ​ပေါ် ဆရာဝန်​​တွေက ဖဲကြိုးနက်​တပ်​ဆင်​ ကန့်​ကွက်​ခဲ့ကြပြီး တရား​ရေးဘက်​မှာလည်း ဖဲကြိုးနက်​​တွေနဲ့ ကန့်​ကွက်​​နေကြတာပါ။ ဓာတ်​ပုံ- ​အောင်​စိုး  
5 years Ago
Up