မြန်​မာ​မေ​ကောင်း သစ်​အ​ချောထည်​စက်ရုံ အလုပ်သမားများဆန္ဒပြ

August 1, 2018

မြန်​မာ​မေ​ကောင်း သစ်​အ​ချောထည်​စက်ရုံ အလုပ်သမားများဆန္ဒပြ

မန္တ​လေးတိုင်း၊ ပြည်​ကြီးတံခွန်​မြို့်နယ်၊ အ​နော်ရထာလမ်းနဲ့ မင်းကြီးရန်​​နောင်​လမ်းရှိ မြန်​မာ​မေ​ကောင်း သစ်​အ​ချောထည်​စက်ရုံက အလုပ်​သမားသမား ၃၀​ကျော်​ဟာ ဒီမနက် အလုပ်သမားရပိုင်ခွင့်တွေအတွက် ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ မြန်​မာ​မေ​ကောင်းစက်ရုံက အလုပ်​သမား​တွေဟာ ကျွမ်းကျင်​စရိတ်​ရရှိ​ရေး၊ လုံ​လောက်​​တဲ့ လေဝင်​​လေထွက်​​ကောင်းမွန်​​ရေး၊ အလုပ်​သမားများနား​နေ​ဆောင်​ထားရှိ​ရေး၊ စက်ရုံ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေကို ခွဲခြားမဆက်ဆံရေး စတဲ့အချက်​ ၁၀ ချက်​ကို ​တောင်းဆို ဆန္ဒထုတ်​​ဖော်​ခဲ့ကြတာပါ။ စက်ရုံ အလုပ်သမား သမဂ္ဂအတွင်း​ရေးမှူး မတိုးတိုး​အေးက​ “ကျမတို့အလုပ်​သမား​တွေက အလုပ်​ရှင်​နဲ့ ၂၀၁၄ခုနှစ်​ကတည်းက စပြီးညှိနှိုင်းခဲ့တာ ခုအချိန်​အထိမ​ပြေလည်​ခဲ့ဘူး။ ဒါ​ကြောင့် ကျမတို့က​တောင်းဆိုချက်​​တွေ မရမချင်း ဆန္ဒထုတ်​​ဖော်သွားမှာပါ။ ကျမတို့အ​နေနဲ့ ရက်​မှန်​​ကြေးနဲ့ နှစ်​တိုး​ကြေး​တွေကို ၂၀၁၇ ခုနှစ်​ကတည်းက မ​ပေးခဲ့ဘူး။ အဲဒါတွေလည်း ပြန်​လိုချင်​တယ်​။ ​သောက်​​ရေဆိုရင်​လည်း ဗွိုင်​လာသုံးပြီးသား​ ရေ​တွေကို ​သောက်​ရတယ်​။ သန့်​ရှင်းတဲ့​ သောက်​သုံး​ရေမဟုတ်​ဘူး။ တခါ​လေတော့လည်း​ ရေ​တွေကအရမ်း​နံ​နေတာ​ကြောင့် ​သောက်​သုံး​ရေကို သန့်​ရှင်းတဲ့​ သောက်​သုံး​ရေရချင်​တယ်​”လို့ ပြောပါတယ်​။ ကျန်းမာ​ရေနဲ့ မညီညွတ်​တဲ့ မိုတက်​​နေတဲ့ ကုန်​ကြမ်း​တွေကို ကိုင်တွယ် လုပ်ကိုင်နေရတာ​ကြောင့် ကျန်းမာ​ရေး​စောင့်​​ရှောက်​မှု ရချင်တယ်၊ ​ဆေးပေးခန်းနဲ့ ကျန်းမာ​ရေးမှူး ထားရှိ​ပေးဖို့ ​တောင်းဆိုရတာလို့ လည်း ဆန္ဒပြအလုပ်သမား မခိုင်​ဇူးထက်​က​ပြောပါတယ်​။ မြန်​မာ​မေ​ကောင်း​ သစ်​အ​ချောထည် စက်ရုံဟာ အလုပ်​သမား ၁၀၀နီးပါးနဲ့ လည်​ပတ်​​နေတဲ့စက်ရုံဖြစ်​ပြီး   အလုပ်သမားတွေ ခုလို ဆန္ဒပြတာနဲ့ ပတ်သက်ပြီး စက်ရုံ တာဝန်​ရှိသူတွေကိုတော့ ဆက်​သွယ်​​မေးမြန်းလို့ မရခဲ့ပါဘူး။
3 years Ago
Up