တရုတ်နိုင်ငံ၊ ဂွမ်ကျိုးမြို့တောင်ပိုင်း ဘူတာရုံမှာ မေလ ၂ ရက်နေ့က အမျိုးသားတဦးဟာ မြန်နှုန်းမြင့်ရထားတစီးရဲ့ ခေါင်မိုးပေါ် ခုန်တက်ပြေးခဲ့ချိန်မှာ ခေါင်မိုးပေါ်က လျှပ်စစ်ဝါယာကြိုးတွေနဲ့ မတော်တဆ ထိခိုက်မိလို့ ပြုတ်ကျပြီး ဓာတ်လိုက်သေဆုံးခဲ့ပါတယ်။
မြန်နှုန်းမြင့်ရထားဟာ ပလက်ဖောင်းနံပါတ် ၁၃ မှာ ရပ်နားချိန် အဆိုပါအမျိုးသားက ရထားခေါင်မိုးပေါ် ပြေးလွှားနေခဲ့တာကို မျက်မြင်တွေ့သူ ခရီးသည်တဦးက လက်ကိုင်ဖုန်းနဲ့ ရိုက်ယူနိုင်ခဲ့တာပါ။
သူဟာ ရထားခေါင်မိုးပေါ် ခုန်မတက်ခင်မှာ ပလက်ဖောင်း ၂ ခုစာလောက် ဖြတ်လာခဲ့တာဖြစ်ပြီး ဗို့အားမြင့် လျှပ်စစ်ဝါယာကြိုးတွေနဲ့ မတော်တဆ ထိခိုက်မိကာ သေဆုံးခဲ့တာဖြစ်တယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။
5 years Ago