မြန်အောင်တွင် အင်အား ၄.၄ အဆင့်ရှိ မြေငလျင် လှုပ်ခတ်

February 18, 2019

မြန်အောင်တွင် အင်အား ၄.၄ အဆင့်ရှိ မြေငလျင် လှုပ်ခတ်

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့မှာ အင်အားအနည်းငယ်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီ ၁၇ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၄ နာရီ၊ ၅၂ မိနစ်၊ ၅၈ စက္ကန့်အချိန်က ဂွမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် ၅၃ မိုင်လောက်ကွာဝေးတဲ့ မြန်အောင်မြို့ရဲ့ အနောက်ဘက် ၃ မိုင်လောက်အကွာ မြောက်လတ္တီတွဒ် ၁၈.၂၇ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၉၇ ဒီဂရီ၊ အနက် ၄၁ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၄.၄ အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။
3 years Ago
Up