မြန်မာ ၂ ဦး

July 3, 2018

လာအိုကာစီနိုရုံတွင် အလုပ်လုပ်ရန်သွားသည့် မြန်မာ ၂ ဦး စကားများပြီး ဓားထိုးမှုဖြစ်ပွား

ရွှေတြိဂံဒေသ လာအိုနိုင်ငံဘက်ခြမ်းက ကာစီနိုလောင်းကစားရုံတွေမှာ အလုပ်လုပ်ဖို့ သွားရောက်တဲ့ မြန်မာအချင်းချင်း ဇူလိုင် ၂ ရက် ညနေပိုင်းက ဇယ်တောက်ရင်း စကားများရာက ဓားထိုးမှု ဖြစ်ပွားခဲ့ပါတယ်။ လာအိုဘက်ခြမ်းက China Town ကို သွားရောက်အလုပ်လုပ်ကိုင်ဖို့ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား ၂ ဦး စကားများ ရန်ဖြစ်ပြီး ဓားထိုးမှု ဖြစ်ပွားခဲ့တဲ့အတွက် မယ်ခေါင်မြစ်ကူး သယ်ယူလာပြီး အခုလက်ရှိ တာချီလိတ်ပြည်သူ့ဆေးရုံကို ဆေးကုသဖို့ ရောက်ရှိနေပါတယ်။ လာအိုနိုင်ငံရောက် ပရဟိတအသင်းက တာဝန်ရှိသူတဦးကတော့ “ဆွေမျိုးအချင်းချင်း ဇယ်ခုံမှာ စကားများရန်ဖြစ်ပြီး ဓားထိုးမှုဖြစ်တာပါ၊ ဓားနဲ့ထိုးတဲ့သူကတော့ ထွက်ပြေးသွားပြီ။ အထိုးခံရတဲ့သူကတော့ အူထွက်နေတယ်။ တာချီလိတ်ကို ပို့လိုက်ပြီ။ မယ်ခေါင်မြစ် တဖက်ကမ်းကို အလင်းရောင်ပရဟိတအသင်းက လူနာတင်ကားနဲ့ လာသယ်သွားတယ်လို့ သိရပါတယ်”လို့ ပြောပါတယ်။ ဓားထိုးမှုဖြစ်ပွားခဲ့တဲ့ မြန်မာနိုင်ငံသား ၂ ဦးဟာ လာအို China Town ကို ရောက်ရှိတာ ၁၀ ရက်လောက်သာ ရှိသေးပြီး အလုပ်အကိုင် ရှာဖွေနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ ဓားနဲ့ထိုးပြီး ထွက်ပြေးသွားတဲ့ မြန်မာနိုင်ငံသားကိုတော့ လာအိုက သက်ဆိုင်ရာတွေ လိုက်လံရှာဖွေနေတယ်လို့လည်း သိရပါတယ်။ ကိုဇက်
3 years Ago
Up