မြန်မာ-အိန္ဒိယ

August 4, 2018

မြန်မာ-အိန္ဒိယ အပြည်​ပြည်​ဆိုင်​ရာ ဝင်/ထွက်ပေါက်ကို Border Pass စနစ်ဖြင့် ခွင့်ပြု

မြန်မာ-အိန္ဒိယ အပြည်​ပြည်​ဆိုင်​ရာ ဝင်/ထွက်ပေါက်ကို Border Pass စနစ်နဲ့ တမူးမြို့အတွင်းနဲ့ မိုးရေးမြို့အတွင်းမှာ ၁၃ ရက်အိပ် ၁၄ ရက်ခရီးသွားခွင့်ပြုမယ်လို့ လဝက ဦးစီးအရာရှိ ဦးတင်ဇော်မြင့်က ပြောပါတယ်။ အခုလက်​ရှိမှာ သမ္မတရုံးခွင့်ပြုချက်၊ ဟိုတယ်နဲ့ခရီး ခွင့်ပြုချက်အပြင် ဧည်လမ်းညွှန်ပါမှ သွားလာခွင့်ရတာပါ။ လာမယ့် သြဂုတ် ၈ ရက်နေ့မှာတော့ မြန်မာ-အိန္ဒိယ နိုင်ငံတကာ နယ်စပ်ဝင်/ထွက်ပေါက် နှစ်နိုင်ငံ ချစ်ကြည်ရေးတံတား ဖွင့်ပွဲအခမ်းအနား ကျင်းပဖို့ ရှိနေပါတယ်။ အဲ့ဒီ ဖွင့်ပွဲ ပြီးတာနဲ့ Border Pass Permit စနစ် ၂ မျိုးဖြစ်တဲ့ BP (Border Pass) စနစ်နဲ့  ဖြတ်သန်းသွားလာခွင့် ပေးသွားမယ်လို့လည်း သိရပါတယ်။ မေလ ၁ဝ ရက်နေ့က ယာဉ်ဖြတ်သန်းခွင့် ပိတ်ထားလို့ ကုန်သည်တွေ အခက်တွေ့နေတဲ့ ချင်းပြည်နယ်၊ ရိခေါဒါရ်မြို့က မြန်မာ-အိန္ဒိယ နယ်စပ် ဝင်/ထွက်ပေါက်ကို Border Pass စနစ်နဲ့ ဖြတ်သန်းသွားလာခွင့် ပြုနိုင်ရေးအတွက်လည်း မြန်မာ-အိန္ဒိယနှစ်နိုင်ငံမှ နှစ်ဖက်တာဝန်ရှိသူတွေဟာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။
3 years Ago

June 2, 2018

မြန်မာ-အိန္ဒိယနယ်စပ်တွင် အင်အား ၄.၉ အဆင့်ရှိ ငလျင်လှုပ်ခတ်

မြန်မာ-အိန္ဒိယနယ်စပ်တွင် အင်အားရစ်တာ စကေး ၄.၉ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။ ဇွန် ၂ ရက်နေ့ မြန်မာစံတော်ချိန် (၁၂)နာရီ (၁၆) မိနစ် (၀၅) စက္ကန့် အချိန်မှာ မြစ်ကြီးနားမြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် (၁၁၅) မိုင်ခန့် ကွာဝေးသော မြန်မာ-အိန္ဒိယနယ်စပ် မြောက်လတ္တီတွဒ် (၂၇.၁၁)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၉၂) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်တာ စကေး (၄.၉) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။
3 years Ago
Up