မြန်မာ အမျိုးသမီး

May 9, 2015

အာဆီယံချန်ပီယံရှစ် ဗိုလ်လုပွဲ မြန်မာနှင့်ထိုင်းတွေ့

၂၀၁၅ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲမှာ မြန်မာ အသင်းနဲ့ ထိုင်း အသင်းတို့ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။ မေ ၁၀ ရက် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့မှာ မြန်မာ စံတော်ချိန် ၆ နာရီခွဲမှာ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်မှာ မြန်မာ အမျိုးသမီးအသင်းဟာ သြစတြေးလျ ယူ ၂၀ အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသလို ထိုင်း အသင်းကလည်း အိမ်ရှင်ဗီယက်နမ် အသင်းကို အချိန်ပိုကစားပြီး ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲတက် လာတာ ဖြစ်ပါတယ်။ အုပ်စုပွဲမှာ မြန်မာဟာ ဗီယက်နမ်ကို ၃ ဂိုး ၂ ဂိုးနဲ့ ရှုံးထားသလို ထိုင်းကလည်း သြစတြေးလျကို ၃ ဂိုးပြတ်နဲ့ ရှုံးနိမ့်ထား တာ ဖြစ်ပါတယ်။ တတိယလုပွဲအဖြစ် ဗီယက်နမ်နဲ့ သြစတြေးလျ အသင်းတို့က မြန်မာ စံတော်ချိန် ၃ နာရီခွဲမှာ ကစားမှာ ဖြစ်ပါတယ်။ ဗိုလ်လုပွဲတက်ခဲ့တဲ့ မြန်မာအသင်းကို ဘောလုံးအဖွဲ့ချူ ပ် ဥက္ကဋ္ဌ က ကျပ်သိန်း ၂၀၀ ဆုချီးမြင့်မယ် ဆိုတဲ့အကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချူပ်ရဲ့ လူမှုရေးကွန်ယက် ဖေ့ဘွတ်ခ် စာမျက်နှာမှာဖော်ပြထားပါတယ်။
7 years Ago

March 16, 2015

အိုလံပစ်ခြေစစ်ပွဲ ပထမဆင့် အိန္ဒိယကို မြန်မာ ဂိုးပြတ်နိုင်

ဘရာဇီးလ်နိုင်ငံ ရီယိုဒီဂျေးနေးရိုမှာ ကျင်းပမယ့် အိုလံပစ်ခြေစစ်ပွဲ ပထမအဆင့်အဖြစ် မတ် ၁၅ ရက်က မြန်မာနဲ့ အိန္ဒိယအမျိုးသမီးအသင်းတို့ ယှဉ်ပြိုင် မြန်မာ အသင်းက ၇ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီအတွက် မြန်မာအသင်းဟာ  ထိုင်း၊ ဗီယက်နမ် အသင်းတွေနဲ့ ဒုတိယအဆင့်မှာ ယှဉ်ပြိုင်ကစား ရတော့ မှာ ဖြစ်ပါတယ်။ ပထမအဆင့်ပွဲစဉ်တွေမှာ မြန်မာ အမျိုးသမီးအသင်းဟာ သီရိလင်္ကာ အမျိုးသမီး အသင်းကို ၁၆ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီး အုပ်စု ပွဲစဉ် ၂ ပွဲစလုံးကို အနိုင်ရရှိသွားတာ ဖြစ်ပါတယ်။ ခြေစစ်ပွဲ ပထမအဆင့်အဖြစ် မြန်မာ၊ သီရိလင်္ကာနဲ့ အိန္ဒိယ အမျိုးသမီးအသင်းတွေ အုပ်စု တခုတည်း ကျရောက်ပြီး ပြိုင်ပွဲတွေကို မန္တလေး မန္တလာသိရီ ဘောလုံးကွင်းမှာ ကစားခဲ့တာ ဖြစ်ပါတယ်။ [gallery ids="85798,85793,85794,85795,85796,85797"]
7 years Ago
Up