အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ၂၀၁၈ အာဆီယံယူ-၁၉ ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲမှာ မြန်မာယူ ၁၉ အသင်းက ဘရူနိုင်းယူ ၁၉ အသင်းကို ၇-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။
ဒီပွဲစဉ်ကို ဂရီဆက်ခ်မြို့ရှိ၊ ဂျိုကိုဆာမူဒရိုကွင်းမှာ ကျင်းပခဲ့ပြီး မြန်မာအသင်းက ပွဲချိန်တလျှောက် အသာစီး ရယူကစားကာ နိုင်ပွဲတပွဲကို ရယူနိုင်ခဲ့တာပါ။
မြန်မာအသင်းအနေနဲ့ အခုပွဲစဉ်အနိုင်ရရှိခဲ့တာကြောင့် မလေးရှားအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် အုပ်စုနောက်ဆုံးပွဲစဉ်မတိုင်မီ ရမှတ်တူ ဂိုးကွာခြားချက်အသာနဲ့ အုပ်စု(ခ) ပထမနေရာကို ရယူထားနိုင်တာပါ။
လက်ရှိအနေအထားမှာ မြန်မာအသင်းက ရမှတ် ၇ မှတ်နဲ့ အုပ်စု(ခ) ပထမ၊ မလေးရှားအသင်းက ရမှတ် ၇ မှတ်နဲ့ ဒုတိယ၊ တီမောအသင်းက ရမှတ် ၅ မှတ်နဲ့ တတိယနေရာတွေမှာ အသီးသီးရပ်တည်နေပါတယ်။
ဒါကြောင့် မြန်မာအသင်းအနေနဲ့ အုပ်စုနောက်ဆုံးပွဲစဉ်မှာ မလေးရှားအသင်းကို သရေကစားနိုင်ရုံနဲ့ နောက်တဆင့်ကို တက်ရောက်ခွင့်ရမှာ ဖြစ်ပါတယ်။
5 years Ago