မြန်မာ ယူ ၁၈ အမျိုးသားဘောလုံးအသင်း ဗီယက်နမ်ဖိတ်ခေါ်ပြိုင်ပွဲ ဝင်ပြိုင်မည်

February 9, 2017

မြန်မာ ယူ ၁၈ အမျိုးသားဘောလုံးအသင်း ဗီယက်နမ်ဖိတ်ခေါ်ပြိုင်ပွဲ ဝင်ပြိုင်မည်

လိဂ် ၂ ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာ ယူ ၁၈ အမျိုးသားဘောလုံးအသင်းဟာ ဗီယက်နမ်နိုင်ငံမှာ ကျင်းပမယ့် ယူ ၁၉ ဖိတ်ခေါ်ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ မြန်မာ ယူ ၁၈ အသင်းဟာ ပြီးခဲ့တဲ့နှစ်က တရုတ်နိုင်ငံမှာ ခြေစမ်းပွဲတွေ သွားရောက်ကစားခဲ့ပြီး Phoenix အသင်းအမည်နဲ့ မြန်မာနေရှင်နယ် လိဂ် ၂ မှာ ဝင်ရောက်ယှဉ်ပြိုင်နေတာပါ။ မြန်မာ ယူ ၁၈ အသင်းဟာ ၂၀၁၇ ခုနှစ်အတွင်းမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အာဆီယံ ယူ ၁၉ ပြိုင်ပွဲနဲ့ အာရှခြေစစ်ပွဲစဉ်တွေအတွက် ပြင်ဆင်နေတာဖြစ်ပြီး နည်းပြချုပ်အဖြစ် ဦးညီညီလတ်က ကိုင်တွယ်နေတာ ဖြစ်ပါတယ်။ မြန်မာ ယူ ၁၈ အသင်း ဝင်ပြိုင်မယ့် ဗီယက်နမ် ဖိတ်ခေါ်ပြိုင်ပွဲမှာ ဘယ်အသင်းတွေ ပါဝင်မလဲ မသိရသေးဘဲ လာမယ့်ဧပြီလ ၁၁ ရက်ကနေ ၂၂ ရက်အထိ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။ မြန်မာ ယူ ၁၈ အသင်းအနေနဲ့ ဗီယက်နမ်ဖိတ်ခေါ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပေမယ့် လိဂ် ၂ ပြိုင်ပွဲကိုလည်း အရန်ကစားသမားတွေနဲ့ ဆက်လက်ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ Phoenix အသင်းအမည်နဲ့ လိဂ် ၂ ပြိုင်ပွဲ ဝင်ပြိုင်နေတဲ့ မြန်မာ ယူ ၁၈ အသင်းဟာ လိဂ်ပွဲစဉ် ၃ ပွဲ ကစားအပြီးမှာ၂ ပွဲနိုင် ၁ ပွဲရှုံးနိမ့်ခဲ့ပါတယ်။
4 years Ago
Up