မြန်မာ ယူ-၁၆ အသင်းနှင့် ထိုင်း ယူ- ၁၆ အသင်းတို့ ၁ဂိုးစီ သရေကျ

July 24, 2018

မြန်မာ ယူ-၁၆ အသင်းနှင့် ထိုင်း ယူ- ၁၆ အသင်းတို့ ၁ဂိုးစီ သရေကျ

အာဆီယံယူ-၁၆ ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မယ့်  မြန်မာ ယူ-၁၆ အသင်းဟာ မနေ့ညနေက ထိုင်းနိုင်ငံ BTU Stadium မှာ ထိုင်းယူ-၁၆အသင်းနဲ့  ခြေစမ်းပွဲ ကစားရာမှာ တဖက် ၁ ဂိုးစီ သရေကျသွားပါတယ်။ မြန်မာယူ-၁၆ လူငယ်လက်ရွေးစင်အသင်းတွက်  ဂိုးကို​တော့ ​နောင်​​နောင်​စိုးက ပွဲချိန် ပထမပိုင်း  ၂၄ မိနစ်​ မှာ သွင်းယူ​ပေးခဲ့တာပါ။ မြန်မာ ယူ-၁၆ အသင်းဟာ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပမယ့်  အာဆီယံယူ-၁၆ ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပြီး  အုပ်စု(က)မှာ အိမ်ရှင် အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ တီမောနဲ့ ဖိလစ်ပိုင်အသင်းတွေနဲ့ တအုပ်စုထဲ ကျနေပါတယ်။ ဓာတ်ပုံ-MFF
3 years Ago
Up