မြန်မာ ယူ ၁၆ စင်ကာပူကို နိုင်

August 1, 2015

မြန်မာ ယူ ၁၆ အသင်း ဖိလစ်ပိုင်ကို ၃ ဂိုးပြတ်နိုင်

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မှာ ကျင်းပနေတဲ့ အာဆီယံ ယူ ၁၆ ချန်ပီယံရှစ်ဘောလုံး ပြိုင်ပွဲမှာ မြန်မာက ဖိလစ်ပိုင်အသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။ ပထမပိုင်း ၃၇ မိနစ်မှာ မြန်မာ အသင်းကစားသမား ဟိန်းထက်အောင်က အဖွင့်ဂိုး စတင်သွင်းယူသွားတာဖြစ်သလို ဒုတိယပိုင်း ၄၄ မိနစ်မှာ ၀င်းနိုင်ထွန်းက ဒုတိယဂိုး သွင်းယူခဲ့ပါတယ်။ ပထမဂိုးသွင်းယူပြီးတဲ့နောက် မြန်မာအသင်းက ဖိကစားထားခဲ့သလို အပိုင်ဂိုးသွင်းခွင့်တွေ ရရှိခဲ့ပေမယ့် ဂိုးအဖြစ် မပြောင်းလဲနိုင်တဲ့အတွက် ပထမပိုင်းမှာ ၂ ဂိုးနဲ့ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။ ပထမပိုင်းမှာ မြန်မာအသင်းက ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ကွင်းတ၀က်ဖိကစားပြီး ဖိလစ်ပိုင်ကို ဖိအားပေးကစားနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း မြန်မာအသင်းက ဖိကစားခဲ့ပေမယ့် အဆုံးသတ်ပိုင်းမှာ လွဲချော် အားနည်းနေပါတယ်။ ဖိလစ်ပိုင်အသင်းကလည်း အခွင့်အရေး တချို့ရခဲ့ပေမယ့် ဂိုးအဖြစ် မဖန်တီးနိုင်ခဲ့ပါဘူး။ ဒုတိယပိုင်းပွဲပြီးခါနီးမှာတော့ မြန်မာအသင်းက နောက်ထပ်တဂိုးသွင်းယူခဲ့ပြီး ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။ မြန်မာအသင်းက ပထမပွဲစဉ်မှာ စင်ကာပူအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ကစားထားပြီး ၃ မှတ် ရရှိထားပါတယ်။ ဖိလစ်ပိုင်က ကမ္ဘောဒီးယားကို ၁-၀၊ စင်ကာပူကို ၄ ဂိုး ၁ ဂိုးနဲ့ ၂ ပွဲကစား ၂ ပွဲရှုံးထားပါတယ်။ မြန်မာအသင်းဟာ အုပ်စု (ခ)မှာ သြစတြေးလျ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ကမ္ဘောဒီးယားတို့နဲ့ တအုပ်စုတည်းကျရောက်နေပါတယ်။
6 years Ago

July 28, 2015

မြန်မာ ယူ ၁၆ စင်ကာပူကို ၃ ဂိုး ၁ ဂိုးဖြင့် နိုင်

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်တွင် ကျင်းပနေတဲ့ အာဆီယံ ယူ ၁၆ ချန်ပီယံရှစ်ဘောလုံး ပြိုင်ပွဲမှာ မြန်မာက စင်ကာပူကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။ ပထမပိုင်း ပွဲချိန် ၁၂ မိနစ်မှာ မြန်မာကစားသမား ဟိန်းထက်အောင် ရဲ့ ဦးဆောင်ဂိုးနဲ့ ပွဲချိန် ၃၉ မိနစ်မှာ ၀င်းနိုင်ထွန်းတို့က ဂိုးတွေ သွင်းယူခဲ့ပါတယ်။ စင်ကာပူအသင်းက ပွဲချိန် ၃၄ မိနစ်မှာ ချေပဂိုးကို သွင်းယူခဲ့ပါတယ်။ ဒီအတွက် ပထမပိုင်းမှာ မြန်မာအသင်းက ၂ ဂိုး ၁ ဂိုးနဲ့ ဦးဆောင်ထားပါတယ်။ ဒုတိယပိုင်း ပွဲချိန် ၆၂ မိနစ်မှာ မြန်မာအသင်းက ထက်ဖြိုးဝေက တဂိုး ထပ်မံသွင်းယူခဲ့ပြီး ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားတာဖြစ်ပါတယ်။ မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းနည်းပြချုပ် အဲရစ် ၀ီလျံက စင်ကာပူနဲ့ အုပ်စုဖွင့်ပွဲနိုင်ရင် နောင်လာမယ့် ၃ ပွဲကို အကောင်းဆုံးဆက်ကစားနိုင်မယ်လို့ ပွဲမကစားမီ ပြောဆိုခဲ့တယ်လို့ မြန်မာဘောလုံးအဖွဲ့ချုပ် လူမှုရေးကွန်ယက် ဖေ့ဘွတ်ခ်စာမျက်နှာမှာ ရေးသားထားပါတယ်။ မြန်မာအသင်းဟာ အုပ်စု (ခ)မှာ သြစတြေးလျ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ကမ္ဘောဒီးယားတို့နဲ့ တအုပ်စုတည်းကျရောက်နေပါတယ်။ သြဂုတ် ၁ ရက်မှာတော့ မြန်မာအသင်းက ဖိလစ်ပိုင်အသင်းနဲ့ ကစားဖို့ ရှိနေပါတယ်။
6 years Ago
Up