မြန်မာ-ဗီယက်နမ် အမျိုးသမီးပွဲစဉ်

August 20, 2017

မြန်မာ-ဗီယက်နမ် အမျိုးသမီးပွဲစဉ်ကို လာရောက်အားပေးသည့် မြန်မာပရိသတ်များ (ဓာတ်ပုံ)

၂၉ ကြိမ်မြောက် ဆီးဂိမ်းအမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုတတိယနေ့အဖြစ် မြန်မာနဲ့ဗီယက်နမ်အသင်းတို့ ဒီနေ့မွန်းလွဲ ၂ နာရီခွဲမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ မြန်မာအမျိုးသမီးအသင်းဟာ အုပ်စုအဖွင့်ပွဲမှာ ထိုင်းအသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပေမယ့် မလေးရှားကို ၅ ဂိုး ဂိုးမရှိနဲ့ အနိုင်ထားပါတယ်။ ဗီယက်နမ်အသင်းကတော့ ပထမပွဲစဉ်မှာ ဖိလစ်ပိုင်အသင်းကို ၃ ဂိုးပြတ် အနိုင်ရှိထားပြီး ဒုတိယပွဲစဉ်အဖြစ် မြန်မာနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ပွဲစဉ်ကို အနိုင်ကစားမှသာ မြန်မာအမျိုးသမီးအသင်းဟာ ချန်ပီယံမျှော်လင့်ချက် ရှိလာမှာ ဖြစ်ပါတယ်။ တခြားပွဲစဉ်တခုဖြစ်တဲ့ အိမ်ရှင်မလေးရှားနဲ့ ထိုင်းအသင်းတို့ရဲ့ ပွဲကိုလည်း ဒီည ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ မြန်မာနဲ့ ဗီယက်နမ်ပွဲစဉ်ကို မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ အများအပြား ကြည့်ရှုအားပေးဖို့ လာရောက်နေကြတာကို တွေ့ရပါတယ်။
4 years Ago
Up