မြန်မာ-ဗီယက်နမ်

A d v e r t i s e m e n t With Us

June 10, 2018

မြန်မာ-ဗီယက်နမ် တပ်မတော်နှစ်ရပ် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

မြန်မာနဲ့ ဗီယက်နမ် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်တွေ မနေ့က ဆွေးနွေးခဲ့ကြပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဗီယက်နမ်ပြည်သူ့ တပ်မတော် အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး Senior Lieutenant General Tran Don တို့ မနေ့ မွန်းလွဲပိုင်းက ကုန်းမြင့်သာရှိ ဇေယျာသီရိဗိမာန်ဧည့်ခန်းမဆောင်မှာ ဆွေးနွေးခဲ့ကြတာပါ။ မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံနှင့်တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်အောင်ဆောင်ရွက်ရေး၊ တပ်မတော်ခေါင်းဆောင်တွေ ချစ်ကြည်ရေး ခရီးစဉ်တွေ အပြန်အလှန်လည်ပတ်ခဲ့မှုအခြေအနေ၊ တပ်မတော်နှစ်ရပ်အကြား လေ့ကျင့်ရေးဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ရေး၊ အားကစားအဖွဲ့တွေ၊ ယဉ်ကျေးမှုအဖွဲ့တွေ အပြန်အလှန် စေလွှတ်ရေး၊ စစ်ဘက်ဆေးပညာရပ်များ အပြန်အလှန်ဖလှယ်ရေးနဲ့ သတင်းအချက် အလက်နည်းပညာ ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။ ဆွေးနွေးပွဲကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစောနဲ့ တပ်မတော်အရာရှိကြီးတွေ၊ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံ သံအမတ် ကြီး H.E. Dr. Luan Thuy Duong၊ စစ်သံမှူးနဲ့ ဗီယက်နမ်ပြည်သူ့တပ်မတော်မှ အရာရှိကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။
3 years Ago

April 21, 2018

မြန်မာ - ဗီယက်နမ် လွှတ်တော်နှစ်ရပ် ပူးပေါင်းမှုတိုးမြှင့်ရန် ဆွေးနွေး

မြန်မာ - ဗီယက်နမ် လွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး အပါအဝင် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပြည်သူတွေ အပြန်အလှန်စေလွှတ်ကြဖို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့  ဗီယက်နမ်အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့ ဆွေးနွေးခဲ့တယ်လို့ အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။ ဗီယက်နမ်ကို ချစ်ကြည်ရေးခရီးနဲ့ရောက်ရှိနေတုန်း ဧပြီ ၂၀ ရက်၊ မနေ့က ဗီယက်နမ် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ H.E.Madame Nguyen Thi Kim Ngan နဲ့ တွေ့ဆုံတုန်းမှာ ဆွေးနွေးခဲ့တာပါ။ ဗီယက်နမ်နိုင်ငံရဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုအတွေ့အကြုံတွေကိုလည်း ဆွေးနွေးခဲ့ကြပြီး အတိုင်ပင်ခံ ပုဂ္ဂိုလ်ဟာ ဗီယက်နမ် ရင်းနှီးမြှုပ်နှံမှုဖွံ့ဖြိုးတိုးတက်ရေးဘဏ် အမှုဆောင်အရာရှိချုပ် ဦးဆောင်တဲ့ ဗီယက်နမ် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗီယက်နမ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ H.E. Mr. Nguyen Phu Trong နဲ့တွေ့ဆုံတုန်းမှာလည်း မြန်မာ - ဗီယက်နမ် နှစ်နိုင်ငံ အစိုးရ၊ လွှတ်တော်၊ ပါတီနဲ့ ပြည်သူတို့အကြား ထိတွေ့ဆက်ဆံမှုပိုမိုတိုးမြှင့်ရေး၊ အထူးသဖြင့် လူငယ်ကိုယ်စားလှယ်အဖွဲ့တွေ အပြန်အလှန်စေလွှတ်ရေး၊ အာဆီယံ၊ ဒေသတွင်းနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေမှာ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ဗီယက်နမ်အမျိုးသားခေါင်းဆောင်ကြီး ဟိုချီမင်းနေအိမ်ကိုလည်း သွားရောက်လေ့လာခဲ့သလို ဗီယက်နမ်နိုင်ငံမှာရောက်နေတဲ့ ပညာတော်သင်တွေနဲ့ မြန်မာနိုင်ငံသားတွေ ကိုလည်း တွေ့ဆုံခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗီယက်နမ်ဝန်ကြီးချုပ်ရဲ့ ဖိတ်ကြားချက်အရ ၂ ရက်ကြာ ချစ်ကြည်ရေး ခရီးသွားရောက်ခဲ့တာဖြစ်ပြီး မနေ့ညနေပိုင်းက မြန်မာနိုင်ငံ ပြန်လည်ရောက်ရှိခဲ့ပါတယ်။
3 years Ago
More News
Up