မြန်မာ-တရုတ် ငွေလဲလှယ်မှု

March 24, 2017

ကိုးကန့်-တရုတ်နယ်စပ်တွင် မြန်မာ-တရုတ် ငွေလဲလှယ်မှုများကို ထပ်မံရပ်ဆိုင်း

ကိုးကန့်​လက်နက်ကိုင် တပ်ဖွဲ့(MNDAA)ရဲ့ ဘဏ်​စာရင်းအပါအဝင်​ ကိုးကန့်​​နဲ့ တရုတ်နယ်​စပ်​မှာ ​ မြန်​မာ-တရုတ်​ ​ငွေလဲလှယ်​မှုတွေကို ထပ်​မံရပ်​ဆိုင်းလိုက်ပါတယ်။ ကိုးကန့်​​ဒေသ ​လောက်​ကိုင်​နယ်​စပ်​တလျှောက်​မှာ ဖြစ်​ပွား​နေတဲ့ တိုက်​ပွဲ​ကြောင့် ကိုးကန့်​တပ်​ဖွဲ့ ရဲ့ ​ငွေစာရင်းကို တရုတ်​စိုက်​ပျိုး​ရေးဘဏ်​မှ ​ငွေစာရင်းပိတ်​လိုက်​ပြီး​နောက်​ ကိုးကန့်​-တရုတ်​နယ်​စပ်​ရှိ တရုတ်​ပြည်​ဘက်​ နန်းဆန်းမြို့ထဲမှာ ရှိ​နေတဲ့ နုံရဲဟန်​ဘဏ်​ခွဲမှာလည်း မြန်​မာ-တရုတ်​​ငွေ လဲလှယ်​ခွင့် ပိတ်​လိုက်​ပြီလို့ မတ်​ ၂၃ ရက်​​ နန်းဆန်​ ကွမ်​​ပေါ​ကျွေသတင်းမှာ ​ဖော်​ပြပါတယ်​။ ကိုးကန့်​​ဒေသမှာ တရုတ်​​ငွေကို အသုံးများပြားပြီး ​ငွေ​ကျေးလဲလှယ်​တာတွေ အဆင်​​ပြေ​စေဖို့ အတွက်​ တရုတ်​ပြည်​ဘက်​ရှိ ဘဏ်​နဲ့ ကိုးကန့်​​ဒေသရှိ ဘဏ်​တွေကို ချိတ်​ထားပြီး အသုံးပြုလာခဲ့ ကြပါတယ်​။ ကိုးကန့်​အဖွဲ့​ခေါင်း​ဆောင်​ ဖုန်းကြားရှင်​ကို အ​မေရိကန်​က မူးယစ်​​ဆေးဝါး​ခေါင်း​ဆောင်​တ​ဦးအဖြစ် ​သတ်​မှတ်​ထားတာဖြစ်ပါတယ်​။ သတင်း - နိုင်​နိုင်
5 years Ago
Up