မြန်မာနဲ့ စင်ကာပူအကြား သာမန်နိုင်ငံကူးလက်မှတ် ဗီဇာကင်းလွတ်ခွင့် ဒီနေ့ စတင်သက်ဝင်ပြီဖြစ်လို့ နှစ်နိုင်ငံ သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူတွေအနေနဲ့ ရက်ပေါင်း ၃၀ ထက် မကျော်လွန်စေဘဲ နေထိုင်ခွင့်နဲ့ ပြည်ဝင်ဗီဇာကင်းလွတ်ခွင့် ရရှိကြပြီ ဖြစ်ပါတယ်။
စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းရဲ့ အခုနှစ် မြန်မာနိုင်ငံချစ်ကြည်ရေးခရီးစဉ်အတွင်း နှစ်နိုင်ငံ ဗီဇာကင်းလွတ်ခွင့်ပြုဖို့ သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။
တခါ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခု စင်ကာပူ ချစ်ကြည်ရေး ခရီးစဉ်အတွင်း စင်ကာပူနဲ့ မြန်မာ နှစ်နိုင်ငံအကြား စင်ကာပူ-မြန်မာ အသက်မွေး ပညာသင်ကျောင်းဆိုင်ရာ နားလည်မှုစာချွန်လွှာအား ၃ နှစ် သက်တမ်းတိုးမြှင့်သွားရေးကိစ္စ၊ နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုစာချုပ် လက်မှတ်ရေးထိုးနိုင်ရေးအတွက် နှစ်ဘက်ညှိနှိုင်းမှုများ စတင်ဆောင်ရွက်သွားရေးကိစ္စ၊ နှစ်နိုင်ငံအကြား ၁၉၉၉ ခုနှစ်က လက်မှတ်ထိုးခဲ့တဲ့ အခွန်နှစ်ထပ်ပေးဆောင်မှု ရှောင်ရှားရေး သဘောတူစာချုပ်အား ပြင်ဆင်ရေးဆွဲနိုင်ရေးအတွက် နှစ်ဘက်ညှိနှိုင်းမှုတွေ စတင်ဆောင်ရွက်ရေးကိစ္စနဲ့ စင်ကာပူလေကြောင်းလိုင်းအား ပျံသန်းမှုရာသီတခုအတွက် ၆ လခန့် စမ်းသပ်ပြေးဆွဲရေးကိစ္စတို့အပေါ် ဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
6 years Ago